41. Subduing God of Bad Luck

Start from the beginning
                                    

ဖုန့်ရှီ သူ့မျက်နှာကို ဝင်ပေါက်တံခါးဖက် မျက်နှာမူရင်း နန်းတော်ထဲကို ရောက်သွားတဲ့အခါမှာ ချက်ချင်းပဲ ဦးလေးဖြူရဲ့ မျက်နှာသေကို မြင်လိုက်ရတယ်။

ဖုန့်ရှီက အဲ့မျက်လုံးထဲက ရေခဲတမျှ အေးစက်တဲ့ အကြည့်တို့ကြောင့် ကြောက်လန့်သွားပြီး ဆုပ်ကိုင်ထားတာကို ဖြေလျော့လိုက်တယ်။ သူ မြေကြီးပေါ် ပြုတ်ကျခါနီးမှာပဲ အဲ့တာကို မြင်သွားတဲ့ ငရဲမင်းကြီးက ဖုန့်ရှီရဲ့ ခါးကို ထိန်းကိုင်လိုက်ပြီး အားစိုက်စရာမလိုဘဲ ဆွဲမလိုက်တယ်။ အဲ့နောက် ဘုရင်ကြီးက ဖုန့်ရှီရဲ့ အနောက်ဖက်က နန်းတော်ကို သာမာန်မျှ စိုက်ကြည့်လိုက်ရင်း ကောင်လေးကို သေသေချာချာ မြဲမြဲမြံမြံ ချပေးလိုက်တယ်...

ရွှေရောင်ပုံရိပ်တစ်ခု လေထဲကနေ ဒယီးဒယိုင် ယိမ်းထိုးပြီး ထွက်လာတယ်။ အဲ့တာကတော့ အခြားဘယ်သူမှမဟုတ်၊ စောနတုန်းက ဘယ်ရောက်နေမှန်းတောင် ရှာမရတဲ့ စာအုပ်နတ်ဘုရားပဲ ဖြစ်တယ်။

ဖုန့်ရှီက ကံဆိုးမှုနတ်ဘုရားနဲ့ သူ့ကိုယ်ထဲက ကောင်းကင်လမ်းတို့ တိုက်ခိုက်နေကြတုန်းက စာအုပ်နတ်ဘုရားဟာ မြင်ကွင်းကနေ ထွက်ပြေးသွားခဲ့တာဖြစ်တယ်။ အဲ့အချိန်တုန်းက သူ ပုန်းနေခဲ့တယ်ဆိုတာ အသေအချာပဲ။ သူ့ပါ ထိသွားမှာကို သူ ကြောက်ခ့တာဖြစ်မယ်။ အဲ့တာအပြင်၊ စာအုပ်နတ်ဘုရားက တိုက်ခိုက်စွမ်းရည် မရှိဘူး၊ အဲ့တာကြောင့် သူ့ကို ကံဆိုးမှုနတ်ဘုရားက လွှမ်းမိုးခြယ်လှယ်သွားမှာကို သူ စိုးရိမ်ခဲ့တယ်။ အဲ့အချက်ကြောင့်ပဲ သူ တချိန်တည်းမှာပဲ ပျောက်ကွယ်သွားခဲ့တာ ဖြစ်တယ်။

အတိုချုပ်ပြောရရင် စာအုပ်နတ်ဘုရားရဲ့ ဘဝဆောင်ပုဒ်က "အခြားသူတွေရဲ့ ကံကောင်းမှုကို မျှဝေပါ၊ ဒါပေမဲ့ ကံဆိုးမှုကိုတော့ ရှောင်ပါ"

ဖုန့်ရှီက အဲ့တာကို သတိမပြုမိ၊ ဒါပေမဲ့ ဘုရင်မင်းကြီးက အဲ့တာကို အရမ်း ရှင်းရှင်းလင်းလင်း သိတယ်။

စာအုပ်နတ်ဘုရားကို ဘုရင်ကြီးက ဖန်တီးခဲ့တာ ဖြစ်တာကြောင့် စာအုပ်နတ်ဘုရားရဲ့ အတွေးတွေ အကုန်လုံးဟာ ဘုရင်ကြီး မသိအောင် ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ စာအုပ်နတ်ဘုရား ထွက်ပေါ်လာပြီးနောက် ငရဲမင်းကြီးက သူ့ကို လုံးဝ မကြည့်ဘူး။ အဲ့အစား ဘုရင်ကြီးက သူ့လက်ထဲက ကံဆိုးမှုနတ်ဘုရားကိုပဲ အာရုံစိုက်နေတယ်။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now