သန်းပေါင်းများစွာသောပန်းတို့ဟာ တစ်ပွင့်နဲ့တစ်ပွင့် သူ့ထက်ငါ လှပစွာ အပြိုင်အဆိုင်ပွင့်ဖူးလာကြသည်။

ခဏကြာတော့ ပန်းပေါင်းစုံရဲ့ကြိုဆိုပွဲကို ပြန်တုန့်ပြန်တဲ့အလား ကောင်လေးရဲ့မျက်လုံးတွေ ဖြည်းညှင်းစွာပွင့်လာ၏။

သူ့မျက်ခမ်းနှစ်ခုကြားကနေ obsidian ကျောက်လို တောက်ပတဲ့ အရောင်လက်လက်တို့ စိတ်မရှည်စွာထိုးထွက်လာသည်။
(Obsidian: မှန်ကဲ့သို့ကြည်လင်ပြီး မဟူရာလိုနက်မှောင်သော မီးတောင်ချော်ရည်တို့မှဖြစ်တည်လာသည့်ကျောက်တစ်မျိုး)

ကောင်လေးမှာအလွန်လှပတဲ့မျက်နှာသွင်ပြင်ရှိတဲ့အပြင် သူ့မျက်နှာပေါ်က နူးညံ့တည်ကြည်မှုက သူ့ကို ပိုတောက်ပစေပြီး သူလူ့ဘုံဘဝမှာရှိတုန်းကထက်ကို ပိုပြီး ထူးကဲထည်ဝါစွာလှပနေတာဖြစ်သည်။

အဲ့အချိန်မှာပဲ ငရဲမင်းကြီးက သူ့လက်သူပြန်ရုတ်လိုက်သည်။

လူငယ်ဟာ ကြောင်ပေါက်လေးတစ်ကောင်လိုဖြူစင်လှသည်။ သူ မျက်စိနှစ်လုံး စဖွင့်ဖွင့်ခြင်း သူ့မြင်ကွင်းရှေ့ ပထမဆုံးပေါ်လာတာက အမျိုးသားတစ်ဦးဖြစ်၏။

အဲ့ဒီ့အမျိုးသားဟာ လွှမ်းမိုးအုပ်စိုးလိုဟန်ရှိကာ ခန့်ညားတဲ့သဏ္ဍာန်နဲ့ သူ့ရှေ့ရပ်နေတာဖြစ်သည်။ အဲ့ဒီ့အမျိုးသားရဲ့အဖြူရောင်ဝတ်ရုံက အမည်မသိတဲ့အမျိုးအစားတမျိုးမျိုးနဲ့ချုပ်ထားတာဖြစ်ပြီး အလွန့်အလွန်လက်ရာမြောက်နေပေမယ့် ပိုင်ရှင်ရဲ့ ခန့်ငြားလှတဲ့မျက်နှာအလှကိုတော့ မမှီပေ။

အဲ့သူ ဘယ်လောက် အပစ်အနာမဲ့ ပြီးပြည့်စုံတယ်ဆိုတာကိုဖော်ပြဖို့ရန် မဖြစ်နိုင်ပေ။ အကြောင်းကတော့ သူဟာ ကောင်လေးတွေ့ဖူးသမျှထဲမှာ မယုံနိုင်လောက်အောင်ထူးကဲခန့်ငြားလွန်းလို့ဖြစ်၏။

အမျိုးသားရဲ့မျက်နှာသွင်ပြင်က အလွန်အနုစိတ်ကာ သူ့ရဲ့ဆွဲဆောင်မှုရှိတဲ့နှုတ်ခမ်းနှစ်လွှာဟာ ပါးလျပြီး အရောင်ဖျော့ဖျော့သန်းလို့နေ၏။ နှာတံက ဖြောင့်ဆင်းနေပြီး အရောင်သွေးစုံတဲ့သူ့မျက်ဝန်းတစ်စုံဟာလည်း အလင်းတို့ စီးဖြာနေသည်ပင်။ ဒါပေမယ့် သူ့မျက်နှာရဲ့ ဆွဲဆောင်မှုအရှိဆုံးအချက်ကတော့ မျက်ခုံးနှစ်ခုကြားမှာတည်ရှိနေတဲ့ ငွေမှင်ရောင်ကျောက်မျက်ဖြစ်၏။ အဲ့ဒီ့ကျောက်မြတ်ရဲ့အလင်းဟာ အရပ်ဆယ်မျက်နှာလုံးကို ရောင်ခြည်ဖြာထွက်နေပြီး ဘုံ ၃ ဘုံက ဘယ်သူကမှ ရဲရဲမကြည့်ဝံ့ကြပေ။

အာဏာရှင်ငရဲမင်းကြီးနှင့် သူ၏အချစ်ကလေး (၁)Where stories live. Discover now