"အဖွဲ့မှူးနင်! စုမူကျိ ကြည့်ရာတာ နေမကောင်းဘူး ထင်တယ်။ အစာတွေလည်း အများကြီး အန်ထုတ်ပစ်နေတာ, ကျွန်မ ဘယ်လိုလုပ်ရမလဲ?"

ဖုန်းထဲက ထွက်လာတဲ့အသံ က အဖွဲ့မှူးနင် မဟုတ်ဘဲ ထိုအစား
ဖုန်းကိုင်လိုက်သူက မူချောင်
ုဖြစ်​​နေတယ်​။

"ဒီရက်ပိုင်းတွေအတွင်း တစ်ခုခု ပုံမှန်မဟုတ်တာမျိုး ရှိလား?"

ထန်းရှောင်မှာ မူချောင်ရဲ့အသံကို ကြားလိုက်ရတာကြောင့်
တုံ့ဆိုင်းသွားပြီး သူမရဲ့ဖုန်းScreen
ကို အမြန် ပြန်ကြည့်လိုက်တယ်။
သူမခေါ်လိုက်တာ အဖွဲ့မှူးနင်ရဲ့ ဖုန်းနံပါတ်ပါ။ မတော်တဆနဲ့ မူချောင်ဆီ ကို မှားနှိပ်မိသွား
တာလား?

မူချောင် ​မေးတာကို သူမ
အမှန်တိုင်းပဲ ပြန်ဖြေလိုက်တယ်။
"အခုတလော သူက အများကြီး စားနေတာ။ ခွေးစာတင်မကဘူး, တစ်ခါတစ်လေဆို ကျွန်မ
စားပွဲပေါ်မှာ တင်ထားတဲ့ မုန့်တွေကိုတောင် ဆွဲချသွားတာ!"

"ကြည့်ရတာ သူ အစားလွန်သွား
တာမို့ အစာတွေ ပြန်အန်ထုတ်
တာနေမှာ။ ဒါမှမဟုတ် အစာအဆိပ်သင့်တာလည်း ဖြစ်နိုင်တယ်။ ​ကောင်းပြီ,
အခုလာပြီး တံခါးဖွင့်ပေးလှည့်။ ကျွန်တော် အ​ရှေ့မှာ"

ဟမ်?

ဘယ်တံခါးလဲ?

ထန်းရှောင် ကြောင်အသွားပြီး နေရာမှာတင် ကျောက်ရုပ်
ဖြစ်သွားတယ်။
ဖုန်းထဲမှာ မူချောင်က သူမကို
တံခါး အမြန်ဖွင့်ပေးဖို့ ထပ်ပြော
လိုက်ပြီး ခဏအတွင်းမှာပဲ
သူမတိုက်ခန်းရဲ့ Bellသံ က မြည်လာတော့တယ်။

အရင်တုန်းက ရှောင်လင် က
ထန်း​ရှောင်​ကို တံခါးဖွင့်ပေးဖို့
အော်ခေါ်​နေရမဲ့ ဒုက္ခ ကနေ သက်သာအောင်ဆိုပြီး သူမရဲ့
တိုက်ခန်း အတွက် အတော်လေး
ကြီးမားတဲ့ တံခါးBellကို
ဝယ်လာပြီး တပ်ပေးသွားတာ။
သူမမှာ ထိုBellသံကို ကြားတိုင်း အခုချိန်​ထိ ​အသားမကျ​သေးဘဲ
တစ်ကိုယ်လုံးက ​မွှေးညှင်း ​မွှေးပေါက်တွေ အကုန်လုံး
​ထောင်တက်​နေတုန်း။

ကျောက်ချထားသလို မလှုပ်မယှက်
ကြီး ရပ်​​နေတဲ့ သူမကို ခပ်ထုံထုံ Huskyခွေးက ခပ်ရို့ရို့လေး လှမ်းကြည့်နေတယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now