အပိုင်း ၂၅

3.3K 639 78
                                    

အပိုင်း ၂၅ [ Unicode Version ]

1 ညအိပ် 2 ရက် ကမ်းခြေခရီးကနေ သူတို့ Seoul ပြန်ရောက်တဲ့အချိန်က ညနေစောင်းနေပြီ ။ ဝယ်လာတဲ့ ဒေသထွက် လက်ဆောင်တွေကို ကားနောက်ခန်းကနေ ပါမောက္ခ Park သယ်ယူလာတဲ့အချိန် တစ်ဦးတည်းသော ကောင်လေးက အင်္ကျီတောင် မလဲနိုင်ပဲ ဆိုဖာပေါ်ထက် တန်းခွေနေတာကို တွေ့လိုက်ရတယ် ။

" မမှောင်ခင် ရေအရင်ချိုးလေကွာ
မဟုတ်ရင် အအေးမိချင် မိမှာ "

" ခဏလေးပဲ... ခဏလေးပဲ ဒီမှာတစ်မှေး မှေးဦးမယ် "

" ညနေဘက် အိပ်တာ မကောင်းဘူးဆိုမှ !
လာခဲ့ "

ပါမောက္ခ Park ဟာ လက်ထဲက ပစ္စည်းထုတ်တွေ အကုန်လုံးကို ကြမ်းပေါ်မှာ ချထားခဲ့ပြီး ဆိုဖာပေါ်ထက်က Baekhyun ကို ပွေ့ပြီး ချီယူပစ်လိုက်တယ် ။

ခပ်ရွှင်ရွှင်လေး ရယ်ပစ်လိုက်တဲ့ Baekhyun က ရုန်းကန်မနေတော့ပဲ ပါမောက္ခ Park ရဲ့ လည်တိုင်ကို ဖက်တွယ်ရင်း ရင်ပေါ် ခေါင်းလေးမှီလို့ အလိုက်သင့် လိုက်ပါခဲ့တော့တယ် ။

___________________________________

ညစာပြင်နေတဲ့ ပါမောက္ခ Park ဟာ ရေချိုးပြီးခါစ ဖွေးသန့်နေတဲ့ ကောင်လေး ဘေးမှာလာရပ်တော့ ပါးလေးကို ရွှတ်ခနဲ မြည်အောင် နမ်းရှိုက်ပစ်လိုက်တယ် ။

" မွှေးနေပါလား ၊ cream တစ်ခုခု လိမ်းထားတာလား "

" အင်း... အပြင်ခဏ သွားမလို့လေ "

" ညဘက်ကြီးသွားမလို့လား "

" အွန်း... ear phone က မမိဘူးဖြစ်နေတယ် ။
အဲ့တာ အသစ်သွားဝယ်မလို့ "

" ဒါဆို ခဏစောင့် ကိုယ်လိုက်ပို့ပေးမယ် "

" ညစာပြင်လက်စကြီးကို ။
နေခဲ့ပါ... ကျွန်တော်က ကလေးလည်း မဟုတ်ပဲနဲ့ ။
ပြန်လာရင် သောက်စရာလေး နည်းနည်းပါ ဝယ်ခဲ့မယ် "

Baekhyun အစိုးရိမ်လွန်နေတဲ့ ပါမောက္ခ Park ရဲ့ ဆံပင်တွေကို ချစ်စနိုးနဲ့ ဖွပစ်ခဲ့ပြီး ပြုံးပြလို့ အခန်းထဲကို ပြန်ဝင်လာခဲ့တယ်။ ပိုက်ဆံအိတ်နဲ့အတူ ဒိုင်ယာရီ စာအုပ်လေးကိုပါ အင်္ကျီအတွင်းဘက်အိတ်ထဲ ထည့်ပြီးတဲ့ နောက်မှာတော့ စျေးထွက်ဝယ်ဖို့ အကြောင်းပြချက်နဲ့ အိမ်ကနေ ထွက်လာခဲ့တော့တယ် ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now