အပိုင်း ၁၄ [ Unicode Version ]
မနက်စောစော ကျောင်းစုရပ်မှာ ပါမောက္ခ Park ကို တွေ့လိုက်ရတာက ကျောင်းသားအားလုံးကို Suprise Mother Fu*ker ဆိုပြီး ပါးရိုက်လိုက်သလိုပဲ ။ အားလုံး စိတ်ထဲမှာ ပြိုင်တူ ဆုတောင်းမိလိုက်တာ တစ်ခုတည်း ရှိတယ် ။
* ကျေးဇူးပြုပြီး ငါတို့ကားပေါ် မတက်လိုက်ပါနဲ့ *
သေချာပေါက်ကို လေ့လာရေးခရီးဆိုတာမျိုးက စထွက်ကတည်းကပဲ ကားပေါ်မှာ ဟေးလားဝါးလား လုပ်သွားပြီး အသေအကြေကဲရမှာမျိုး မဟုတ်ဘူးလား ။ အဲ့တာကို ပါမောက္ခ Park ကသာ မျက်နှာတည်ကြီးနဲ့ ကားပေါ်မှာ ထိုင်နေမယ်ဆို တွေးသာတွေးကြည့်လိုက်တော့ ။
ကျောင်းဝန်းထဲမှာ ရပ်ထားတာက ငှားထားတဲ့ Bus အရှည်ကြီး နှစ်စီးဖြစ်ပြီး အားလုံး အသင့်ပဲမို့ အေးစိမ့်နေတဲ့ ရာသီဥတုထဲမှာ ကျောင်းသားအချို့က တက်ပြီးတောင် နေရာယူထားကြပြီ ။ အကယ်၍ ပါမောက္ခ Park ကားပေါ်တက်လာတဲ့အခါမှ အလုအယက် ပြေးဆင်းကြပြီး အခြားကားပေါ် ပြေးတက်လို့လည်း မဖြစ်ဘူးမလား ။ အဲ့ဒါမို့ ဆုတောင်းရုံပဲ တတ်နိုင်ကြတော့တယ် ။
မကြာခင်မှာ ပါမောက္ခ Shin ပါ ရောက်လာတာမို့ ပါမောက္ခ Park ဟာ သိသိသာသာကို Baekhyun ကို ကွယ်ပြီး ရပ်နေလိုက်တယ် ။ ပါမောက္ခ Shin ကတော့ အခြားဟာထက် ခရီးကိုပဲ တက်တက်ကြွကြွနဲ့ သွားနိုင်ဖို့ စိတ်ပါနေပုံပေါ်တယ် ။ ဒါပေမယ့် Baekhyun ကိုတော့ တကူးတက ပြုံးရယ်ပြပြီး နှုတ်ဆက်နေတုန်းပဲ ။
Baekhyun ကတော့ ဘဲကြီးလက်က ဘယ်လိုလွတ်အောင် ပြေးရမလဲ ဆိုတာပဲ အသည်းအသန် အကြံဥာဏ် ထုတ်နေရတယ် ။ သူရဲ့ ပထမဆုံး လေ့လာရေး ခရီးလေးကို ဒီလို ရှစ်ခေါက်ချိုး ခင်ပွန်းသည်ကို ဘေးနားထားပြီး မသွားနိုင်ပါဘူး ။ သူ့သဘောထားကလည်း ကျောင်းသားတွေနဲ့ ထပ်တူပဲ ။ စိတ်လွတ်လက်လွတ် ကဲချင်တာ။
အဲ့တော့ ပါမောက္ခ Park နဲ့ ကားမတူအောင် လစ်ထွက်ရမှာတော့ မှန်တယ် ။ ဒါပေမယ့် ပါမောက္ခ Shin နဲ့သာ သူ ကားတစ်စီးတည်း အတူစီးမိရင် ဟိုဘဲကြီး ဒေါသထွက်လွန်းလို့ လမ်းတစ်ဝက်မှာတင် သွေးတက်သေမလားပဲ ။ အဲ့တော့ အကောင်းဆုံး နည်းလမ်းက အဲ့ဘဲကြီး နှစ်ယောက်လုံးကို ကားတစ်စီးတည်းပေါ် အတူတင်ပေးလိုက်ပြီး သူက အခြား တစ်စီးပေါ် ပြေးတက်ဖို့ပဲ ။
VOUS LISEZ
Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]
Fanfiction( Completed ) သူ့ဘဝကြီးက လုံးဝ ပျက်စီးသွားပြီ ။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ Baekhyun ခံစားလာရတယ်။ ဒီအိမ်ထောင်ရေးကြီးကနေ သူလွတ်မြောက်ချင်နေပြီ ။ အကယ်၍များ ငယ်ရွယ်သေးတဲ့ အချိန်တွေကို ပြန်ရမယ်ဆိုရင် သူလဲလှယ်ဖို့ ဆုံးဖြတ်မိမလားဆိုတာ ~