အပိုင်း ၂၇ ( ဇာတ်သိမ်းပိုင်း )

6.2K 872 90
                                    

အပိုင်း ၂၇ [ Unicode Version ]

4.4.2011 [ တနင်္ဂနွေ ]

ဒေါက်... ဒေါက်.. !

" သားရေ.. ထမင်းစားမယ်လေ "

ဘာတုန့်ပြန်သံမှ မထွက်လာတဲ့ အခန်းတံခါးကို ကြည့်ရင်း Baekhyun အမေဟာ သက်ပြင်းမောလေး တစ်ခုကို ချမိလိုက်တယ် ။ ဒီကလေး အခန်းထဲက ထွက်မလာတာ တစ်ပတ်တိတိ ရှိသွားပြီ ။

" ခုမဆာသေးရင်လည်း ဆာတဲ့အခါ ထစားနော် ။
မေမေ ပြင်ပေးထားတယ် "

အခန်းအပြင်ဘက်က ခပ်အုပ်အုပ်ကြားနေရတဲ့ အမေ့ရဲ့ အသံတွေကို Baekhyun လျစ်လျူရှူထားပြီး ရင်ခွင်ထဲက ဖက်လုံးကို ပိုလို့တိုးပြီး ဖက်လိုက်တယ် ။ သူအိပ်ပျော်နေတဲ့ ခေါင်းအုံးဟာ တစ်ချိန်လုံး စိုထိုင်းထိုင်း ဖြစ်နေတုန်းပဲ ။

တစ်စက်ချင်း နားထင်ကိုဖြတ်ပြီး စီးကျတဲ့ မျက်ရည်တွေဟာ ခေါင်းအုံး ခြောက်သွေ့သွားမယ်ပြင်တိုင်း အသစ်ထပ်ပြီး စိုစိုလာ​စေတယ် ။ သူအော်လည်း မငိုဘူး ။ ရှိုက်သံလည်း မထွက်ဘူး ။ ဒီတိုင်း မျက်ရည်တွေပဲ စီးကျနေမိတာ ။

တစ်နေကုန် အခန်းထဲက မထွက်ဘူး ။ ညမှောင်လို့ မီးတွေ ပိတ်သွားပြီး ဗိုက်ထဲက ဆာလောင်တဲ့အသံတွေထွက်လာတော့မှ သူအောက်ထပ်ကို ဆင်းလာပြီး အမေပြင်ပေးထားတဲ့ အေးစက်စက် ထမင်းတွေကို တာဝန်ကျေရုံစားတယ် ။ ကျန်တဲ့အချိန်တွေကိုတော့ အခန်းထဲက မထွက်ပဲ ကုတင်ပေါ်မှာ ကွေးနေရင်း ဖြတ်သန်းတယ် ။

အလွမ်းဆိုတဲ့ ခေါင်းစဥ်အောက်က ဖျားနာခြင်းဟာ သူထင်တာထက်တောင် ပိုပြီးဆိုးရွားနေသေးတယ် ။

ခေါင်းထဲက အနက်ရောင်အတွေးစတွေ ကြိုးထုံးတစ်ခုလို ရှုပ်ထွေးနေတဲ့အချိန် ၊ မရှိတော့တဲ့ မှတ်ဥာဏ်တွေကို ဝေဝေဝါးဝါး ဆွဲထုတ်မိတဲ့အချိန်... သူ့စိတ်ဝိဥာဥ်တစ်ခုလုံးဟာ အသက်မရှိသလို ခြောက်ကပ်လို့ ။

မျက်ရည်တွေကြား ခေါင်းတိုးအိပ်ရတဲ့ ညတွေမှာ Alpha
ဦးနှောက်လှိုင်းတွေ ခဏသေဆုံးသွားတော့မှ သူနှလုံးသားက အနားရတယ် ။

ဒီလိုအ​ခြေအနေနဲ့ သူ့စိတ်တွေ ရှင်လျှက် သေဆုံးခဲ့တာ သုံးနှစ်တာ...

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now