အပိုင်း ၂၁

3.8K 607 32
                                    

အပိုင်း ၂၁ [ Unicode Version ]

မနက်နေရောင်ခြည် စူးစူးက မျက်ခွံတွေ အပေါ်ကို ဖြာကျလာတဲ့ အချိန် Baekhyun ရဲ့ လှုပ်လီလှုပ်လဲ့ မျက်တောင်တွေဟာ ဖြည်းဖြည်းချင်း ပွင့်ဟ လာတယ် ။ ခါတိုင်းထက် ခန္ဓာကိုယ်က ပိုပြီး နွေးထွေးနေတာကို ခံစားမိပေမယ့် ပိုပြီးလည်း လေးလံနေတယ်။

ဖြည်းဖြည်းချင်း စတင် လှုပ်ရှားလာတဲ့ Baekhyun ဟာ အနည်းငယ်လေးလံနေတဲ့ သူ့ခန္ဓာကိုယ်ကို ငုံ့ကြည်လိုက်မိတော့ နောက်ကနေ သန်မာတဲ့ လက်တစ်ဖက်က တိတိပပ ဆွဲပွေ့ထားတာကို မြင်လိုက်ရတယ် ။ သူဟာ ပါမောက္ခ Park ရဲ့ ရင်ခွင်ထဲမှာ ကျောခိုင်းလျှက်သား အနေအထားနဲ့ ပွေ့ဖက်ထားခြင်း ခံနေရတာ။

သက်ပြင်းမော ခပ်ဖွဖွလေး ချမိတဲ့ Baekhyun ဟာ နွေးထွေးစွာ ထိကပ်နေတဲ့ အသားတွေရဲ့ ခံစားချက်ကို လျစ်လျူရှုလို့ အဲ့ဒီရင်ခွင်ထဲကနေ ထွက်ဖို့ အားပြုလိုက်တယ် ။

ဒါပေမယ့် နိုးနေနှင့်ပြီးသားဟန်ပေါ်တဲ့ တစ်စုံတစ်ယောက်ကတော့ လှုပ်ရှားလာတဲ့ Baekhyun ရဲ့ ခန္ဓာကိုယ်ကို ထွက်သွားခွင့်မပေးပဲ ပိုတိုးဖက်လို့ လည်ပင်းနောက်ဘက်နားကို မျက်နှာတိုးဝှေ့ နမ်းရှိုက်လာတယ် ။

" အစောကြီး ထစရာ မလိုဘူးလေ ။
အားလပ်ရက် ရောက်နေပြီ "

သြရှရှ အသံနဲ့ ထွက်ပေါ်လာတဲ့ နူးနူးညံ့ညံ့ စကားတွေကို Baekhyun ဟာ ဘယ်လိုတုန့်ပြန်ရမယ်မှန်း မသိတာမို့ ငြိမ်ငြိမ်လေးပဲ ဆက်နေပေးလိုက်တယ် ။ လက်မောင်းရင်းနားထိ ခြုံလွှမ်းထားတဲ့ စောင်စကို လက်တစ်ဖက်နဲ့ ပိုတိုးလို့ ကျစ်အောင် ဆုပ်ကိုင်မိသွားတယ် ။

ခု သူ့ခံစားချက်တွေက အပြည့်အဝ အသက်မပါနိုင်သေးတဲ့ အခြေအနေမို့ ရင်ခုန်ဖို့တောင် သတိမရနိုင်ဘူး ။ သူ့စိတ်ထဲမှာ စိုးရိမ်စိတ်တွေနဲ့ မေးခွန်းတွေပဲ ပြည့်နှက်လို့ နေတယ် ။

ထူးထူးခြားခြား Baekhyun ပို ငြိမ်နေမှန်း သတိထားမိတဲ့ ပါမောက္ခ Park က ကျောခိုင်းထားတဲ့ Baekhyun မျက်နှာလေးကို နောက်ကနေ ခေါင်းထောင်ကာ ချောင်းကြည့်ပြီး ပါးပြင်လေးထက်ကို နမ်းတယ် ။

" သေချာပေါက် ဒီလို မနက်ထိ စိတ်မကြည်မလင်ဖြစ်နေမှ ဖြစ်မှာလား ။ ညက ကိစ္စတွေ မေ့ထားကြရအောင်... နော် ? "

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now