အပိုင်း ၅ [ Unicode Version ]
ပါမောက္ခ Park စောင့်ကြည့်နေတာ နာရီ အတော်ကြာသွားပြီ ။ ဒါပေမယ့်လည်း တဖြည်းဖြည်း ညနေသာစောင်းလာတယ် Byun Baekhyun ဟာ လက်ထဲက ဂိမ်းစက်ကို ချမယ့်ပုံမမြင်ရဘူး ။ ခါတိုင်းဆို အိမ်သန့်ရှင်းရေး လုပ်ရုံတင်မက ၊ ညနေစာအတွက်ပါ ပုံမှန်လေး ပြင်ဆင်နေတတ်တဲ့လူက ဒီနေ့တော့ ဘယ်အထိ ဆက်ပြီး ပုန်ကန်မယ် တွေးထားသလဲ မသိဘူး ။ မနေနိုင်တဲ့အဆုံး ပါမောက္ခ Park ကပဲ ဆိုဖာနားသွားပြီး သတိပေးရတော့တယ် ။
" ဟေး "
" ခဏလေး ခဏလေး
ဒီမှာနိုင်တော့မယ် "ပုခုံးကို ပုတ်ပြီး ခေါ်နေတာကိုတောင် လှည့်မကြည့်နိုင်အားပဲ လေးစားသမှု မရှိ ပြုမူနေတဲ့သူကြောင့် ပါမောက္ခ Park အရှိန်မြင့်လာတဲ့ ဒေါသတွေကို မနည်းမြိုသိပ်နေရတယ် ။ ရှိစေတော့ဆိုပြီး ခဏတော့ စောင့်လိုက်ပေးလိုက်ပါရဲ့ ။
" နိုင်ပြီ Yes !!
ကဲ အခုပြောလေ ၊ ဘာပြောမလို့လဲ "လုံးဝကို မေ့ချင်လျော့ချင်ယောင် ဆောင်နေတဲ့သူကြောင့် ပါမောက္ခ Park သွေးခုန်နှုန်းတွေ ဆောင့်တက်ချင်လာတာကို မနည်းမြိုသိပ်ရင်း ခါတိုင်းလိုပဲ အေးစက်စက်အသံနဲ့ ပြောလိုက်တယ် ။
" ညနေစာ မပြင်ဘူးလား "
အဲ့ဒီအခါမှာ ဆိုဖာပေါ်ထက်ကနေ မော့ကြည့်နေတဲ့ Byun Baekhyun ဟာ အထူးအဆန်းစကားတစ်ခွန်းကို ကြားလိုက်ရသလို ပြူးကြောင်ကြောင်ကြည့်လာပြီး သူ့ကိုယ်သူ လက်ညှိုးပြန်ညွှန်ပြရင်း မေးလာလေရဲ့ ။
" ကျွန်တော်ကလား ? "
" ဒီမှာထိုင်နေတာ မင်းအပြင်ရှိသေးလို့လား ? "
Baekhyun ရဲ့မဟုတ်မခံချင်တဲ့ စိတ်ကလေးက ဆတ်ခနဲ ခေါင်းထောင်သွားပြီး ဂိမ်းစက်ကို ဆောင့်ချလို့ မကျေမနပ် ညည်းညူသလို ခွန်းတုန့်ပြန်မိတော့မတတ် ဖြစ်သွားတယ် ။
" အာ ဒီလောက်ချမ်းသာတဲ့ သူဌေးအိမ်ဖြစ်နေပြီး
အိမ်အကူလေးတောင် မရှိ - "နောက်ပိုင်းမှ သူ့စကားတွေက ခုမှ ရုတ်တရက်ကြီးထပြီး အရူးဖောက်သလို ဖြစ်နေမှာကို တွေးမိသွားတာမို့ မနည်း ဘရိတ်အုပ် ချောင်းဟန့်ပြီး တားယူထားလိုက်ရတယ် ။ ဘယ်လိုပဲဖြစ်ဖြစ် လောလောဆယ် Baekhyun သူများတွေ အမြင်မှာ တအားကြီး ထူးဆန်းမနေအောင် အလိုက်အထိုက် ကြည့်နေရုံကလွဲလို့ မရှိဘူး ။
YOU ARE READING
Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]
Fanfiction( Completed ) သူ့ဘဝကြီးက လုံးဝ ပျက်စီးသွားပြီ ။ အသက်ရှင်ရတာ အဓိပ္ပါယ်မရှိတော့ဘူးလို့ Baekhyun ခံစားလာရတယ်။ ဒီအိမ်ထောင်ရေးကြီးကနေ သူလွတ်မြောက်ချင်နေပြီ ။ အကယ်၍များ ငယ်ရွယ်သေးတဲ့ အချိန်တွေကို ပြန်ရမယ်ဆိုရင် သူလဲလှယ်ဖို့ ဆုံးဖြတ်မိမလားဆိုတာ ~