အပိုင်း ၆

3.7K 732 54
                                    

အပိုင်း ၆ [ Unicode Version ]

Byun Baekhyun ဘဝက ဘယ်လိုတွေ ပြောင်းလဲသွားသလဲတော့ မသိပေမယ့် ပါမောက္ခ Park ရဲ့ဘဝကတော့ နေ့ချင်းညချင်းကို နန်းကျ ဘုရင်တစ်ပါးဖြစ်သွားတော့တာပဲ ။ ခါတိုင်း ကျောင်းမသွားခင် အသင့်ပြင်ပြီးသား မနက်စာနဲ့ မီးပူကျော့နေအောင် တိုက်ထားတဲ့ အဝတ်အစားတွေက ချိတ်နဲ့ချိတ်ပြီးသား အသင့် ဗီရိုထဲမှာ ရှိနေတတ်တယ် ။ မနက်စာကလည်း ပါမောက္ခ Park ရဲ့ ဇီဇာကြောင်လွန်းတဲ့ အကျင့်တွေနဲ့ ကိုက်ညီတဲ့ Avogado Toast နဲ့ အချိန်ယူနှပ်ထားတဲ့ နှပ်ကော်ဖီခါးခါးလေးတစ်ခွက် ဖြစ်ဖြစ်ပေါ့ ။

အခုတော့ သူ မျက်နှာသစ်ပြီးတဲ့ အချိန်မှာတောင် အိပ်ယာက ထဖို့အခြေအနေမရှိပဲ စောင်ပုံကြားထဲ လူးလဲနေတဲ့ အမျိုးသားကြောင့် ပါမောက္ခ Park ဟာ လုံးဝ မျှော်လင့်ချက်မရှိတော့ဘူးဆိုတာကို လက်ခံလိုက်ရတယ် ။ ညတုန်းကလည်း သူ့မျက်နှာကို ခဏ ခဏ လာရိုက်တဲ့ လက်တွေ ၊ တံတောင်တွေ ၊ သူ့ဗိုက်ပေါ် ခဏ ခဏ ခွတင်လာတဲ့ ခြေထောက်တွေကို ဖယ်နေရတာနဲ့ တစ်ချက်လေးတောင် ကောင်းကောင်း မမှေးလိုက်ရဘူး ။ သည်းခံနိုင်စွမ်းတွေ ဂိတ်ဆုံးရောက်နေပေမယ့် Byun Baekhyun ဘယ်လောက်ထိ ပုန်ကန်နိုင်မလဲဆိုတာ သူစောင့်ကြည့်ချင်သေးတယ် ။

အဲ့တာမို့ မနက်စာကိုလည်း ဖြစ်သလို ပါမုန့်တစ်ချပ်ကင်ပြီး ရေနဲ့မျှောသောက်လိုက်တယ် ။ အဲ့အချိန်မှာပဲ ကျောပိုးအိတ်ကို ပုခုံးတစ်ဖက်မှာလွယ်လို့ Yoo Seol လည်း မီးဖိုခန်းထဲကို ဝင်လာလေရဲ့ ။ မြင်လိုက်ရတာက ခါတိုင်းနေ့တွေနဲ့မတူ ပြောင်ရှင်းနေတဲ့ စားပွဲပဲ ။

" ဟင် ? မနက်စာရော ? "

Yoo Seol ရဲ့ တအံ့တသြ ရေရွတ်သံကိုကြားတော့ ပါမောက္ခ Park ဟာ စိတ်ပျက်လက်ပျက်နဲ့ပဲ မိမိတို့ အခန်းရှိရာကို မျက်စပစ်ပြလိုက်တယ် ။

" မထသေးဘူး "

" ဟမ် ? မထသေးဘူး ?
Baekhyun hyung က ဘယ်တုန်းက ဒီလောက်အကြာကြီး အိပ်ဖူးလို့လဲ ။ ဝါး တကယ်ကြီး ပုန်ကန်နေဖို့ စဥ်းစားနေတာနဲ့တူတယ် "

ပါမောက္ခ Park ဟာ ဘာမှ ပြောချင်စိတ်မရှိတော့တာမို့ သက်ပြင်းအသာအယာချလို့ ခေါင်းကို ခါယမ်းရင်းပဲ လက်ဆွဲအိတ်ကို ကိုင်ရင်း မီးဖိုခန်းထဲက ထွက်လာလိုက်တယ် ။ ပြုံးစစ မျက်နှာပေးလေးနဲ့ Yoo Seol ကတော့ ချက်ချင်းကို ပြုံးရွှင်သွားပြီး ခုန်ပေါက်လို့ သူ့ဘေးကို ကပ်လျှောက်လာပါလေရဲ့ ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now