အပိုင်း ၁၈

3.6K 678 43
                                    

အပိုင်း ၁၈ [ Unicode Version ]

သက္ကရာဇ်နှစ်ခုမှာ အချိန်မှားပြီး ပိတ်မိနေတဲ့ စိတ်ဝိဥာဥ်နှစ်ခုဟာ မပြီးပြတ်သေးတဲ့ ဆန္ဒတွေကို ဖြည့်ဆည်းနိုင်လာတာနဲ့အမျှ စိတ်ဝိဥာဥ်ပြန်လည် ကူးပြောင်းခြင်းတွေ ဖြစ်လာနိုင်တယ် ။

အဲ့တာဟာ တိုတောင်းတဲ့ အချိန်အပိုင်းအခြား လောက်လေးပဲဖြစ်နိုင်ပြီး စက္ကန့်ပိုင်း သို့မဟုတ် မိနစ်ပိုင်းခန့်သာ ကြာမြင့်နိုင်တယ်။

ကိုယ်ထည်တစ်ခုတည်းမှာ စိတ်ဝိဥာဥ်နှစ်ခု ရောယှက်သွားတာမျိုး ဒါမှမဟုတ် နဂို သက္ကရာဇ်အမှန်ကို စိတ်ဝိဥာဥ် ခဏပြန်လဲလှယ်သွားတာမျိုးဖြစ်တတ်ပါတယ် ။

အဲ့လိုဖြစ်ရပ်တွေဟာ စိတ်ဝိဥာဥ်နှစ်လုံးရဲ့ မူလကိုယ်ထည်ထဲမှာ ကြွင်းကျန်နေတဲ့ စိတ်ဆန္ဒတွေ ပြည့်ဝလာတာနဲ့အမျှ အကြိမ်ရေစိပ်လာတတ်ပါတယ် ။

ဒါပေမယ့် အပြည့်အစုံ စိတ်ဝိဥာဥ်ချင်း ပြန်လည် လဲလှယ်နိုင်ဖို့ကိုတော့ သက္ကရာဇ်ခုန်ကူးခြင်း နာရီကပဲ စွမ်းဆောင်နိုင်တယ်။ နာရီသာ ပျောက်ကွယ်သွားတာမျိုးဖြစ်ခဲ့ရင် စိတ်ဝိဥာဥ်နှစ်ခုဟာ မှားယွင်းတဲ့ သက္ကရာဇ် မှားယွင်းတဲ့ ကိုယ်ထည်ထဲမှာပဲ ထာဝရ ပိတ်မိနေလိမ့်မယ် ။

ဟောင်းနွမ်းနေတဲ့ ဝါကျင့်ကျင့် စာရွက်သားမှာ ရေးသားထားတဲ့ စာကြောင်းတွေကို ဖတ်ပြီးတဲ့နောက် ပါမောက္ခ Shin စာကြည့်မျက်မှန်ကို ခဏချွတ်လို့ မျက်ရိုးတွေကို ဖိနှိပ်လိုက်မိတယ်။

ဒီစာအုပ်က လွန်ခဲ့တဲ့နှစ်ရက် သူလေ့လာရေးအဖွဲ့နဲ့အတူလိုက်သွားပြီး ဘုရားကျောင်းကနေ ရှာယူခဲ့ရတဲ့ စာအုပ်တစ်အုပ်ပဲ ။ သက္ကရာဇ် ခုန်ကူးခြင်းနာရီကို တစ်ချိန်က လက်ဝယ်ထိန်းသိမ်းဖူးတဲ့ ဘုန်းတော်ကြီးတစ်ပါး ၊ ကိုယ်တွေ့အသုံးချဖူးတဲ့ ဘုန်းတော်ကြီး တစ်ပါးက သူ့ကိုယ်ပိုင်အတွေ့အကြုံကို ရင်းလို့ ရေးထားတဲ့ စာအုပ်ဖြစ်တယ် ။

ဘာစီလိုနာရဲ့ အဟောင်းဆိုင်တစ်ခုကနေ သူဒီနာရီကို ရလာခဲ့တုန်းက သူ ကိုရီးယားလူမျိုးတစ်ယောက် ဖြစ်နေတဲ့ အတွက်ကြောင့်လဲပါတယ် ။ ဒီနာရီရဲ့ မူရင်းတစ်နေရာက ကိုရီးယားရဲ့ ဘုရားကျောင်းတစ်ခုမှာဖြစ်ခဲ့တယ်တဲ့ ။ ကံကောင်းစွာ သူဘုရားကျောင်း နာမည်ကိုပါ သိလာခဲ့ရတယ် ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Kde žijí příběhy. Začni objevovat