အပိုင်း ၂၃

3.2K 620 53
                                    

အပိုင်း ၂၃ [ Unicode Version ]

ဟောင်းနွမ်းတဲ့ စာအုပ်တွေ ရှေးဆန်တဲ့ စုဆောင်းမှု အမျိုးမျိုးတွေ ရှိနေတဲ့ စာကြည့်ခန်းထဲကို လှည့်ပတ်ကြည့်ရင်း Baekhyun မိမိရှေ့က ကော်ဖီခွက်ကို လက်လှမ်းယူလိုက်တယ် ။

" အဲ့တော့ အဲ့နာရီကို ပေးခဲ့တာ ပါမောက္ခ Shin ပေါ့ "

" ဟုတ်ပါတယ် ကိုယ်ပါပဲ "

Baekhyun က မျက်လွှာလေးချပြီး ခေါင်းလေးအသာငြိမ့်လို့ ကော်ဖီနွေးနွေး ကို တစ်ငုံသောက်လိုက်တယ် ။

ပါမောက္ခ Shin ကတော့ သိပ်မလန်းဆန်းတဲ့ Baekhyun ရဲ့ မျက်နှာ အမူအယာကို အကဲခတ်ကြည့်ပြီးတဲ့နောက် သူဘုရားကျောင်းက ယူလာခဲ့တဲ့ ဟောင်းနွမ်းနွမ်း စာအုပ်ကို စားပွဲပေါ်တင်ပြီး စာရွက်တွေကို လှန်လိုက်တယ် ။

" ဒီစာအုပ်ကို ကိုယ် ဘုရားကျောင်းတစ်ခုကနေ သွားယူခဲ့တာ ။ ဒီနာရီကို သုံးဖူးတဲ့ ဘုန်းကြီးတစ်ပါးက သူကြုံတွေ့ခဲ့ရတဲ့ ဖြစ်စဥ်တွေကို အခြေခံပြီး နာရီ အလုပ်လုပ်ပုံ အကြောင်းကို ရေးထားခဲ့တယ် "

" ဒါဆို... "

Baekhyun ရဲ့ အသံလေးက အရမ်းကို တိုးတိမ်လွန်းနေတယ် ။ ကော်ဖီခွက်ကို ကိုင်ထားတဲ့ လက်ချောင်းလေးတွေရဲ့ ဖျော့တော့မှုက သူ့ဘယ်လောက် အားအင်ကုန်ခမ်းနေသလဲ ဆိုတာကို သက်သေပြပေးနေသလိုပဲ ။

" ပြန်ဖို့က ဘယ်လိုအခြေအနေတွေမှာ ဖြစ်နိုင်တာလဲ "

" အဓိက ကတော့ စိတ်ဝိဥာဥ် နှစ်ခုရဲ့ ရည်မှန်းချက်တွေ ပြည့်ဝသွားတဲ့ အချိန်မှာပေါ့ ။ ဥပမာ Baekhyun တို့အတွက်ဆိုရင် အတိတ်မှာ မိသားစု ပြိုကွဲဖို့ အကြောင်းကို ဖန်စေတဲ့ အဓိက အချက်ကို ပြင်နိုင်လိုက်ရင် ၊ ခုလက်ရှိမှာတော့ အေးစက်တဲ့ အိမ်ထောင်ရေးကို ပြင်နိုင်ခဲ့ရင် ။ "

Baekhyun ရဲ့ မျက်တောင်တွေက အောက်ကို စင်းကျနေပြီး ဦးတည်ရာ မရှိပဲ ငေးမောနေတယ် ။ လက်ထဲက ကော်ဖီခွက်ကို လက်သည်းလေးတစ်ခုနဲ့ ကုပ်ခြစ်နေမိပေမယ့် သူ့စိတ်လှုပ်ရှားမှုတွေက သက်သာရာရမသွားဘူး ။

" ပါမောက္ခ Park က ကျွန်တော့်ကို ချစ်တယ်လို့ပြောတယ် ။ ရှေ့ဆက်ပြီးလည်း ကောင်းမွန်တဲ့ အိမ်ထောင်ရေး ဖြစ်သွားတော့မယ်လို့ ကျွန်တော်ထင်တယ် ။ အတိတ်မှာကရော ။ "

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now