အပိုင်း ၁၇

3.5K 640 76
                                    

အပိုင်း ၁၇ [ Unicode Version ]

အုပ်စုဖွဲ့ခရီးထွက်လာတာမို့ ညတာဟာ အတော်ကို အိပ်ဖို့အရှိန်ယူရတဲ့အထိ တက်ကြွနေကြတယ် ။ ညဥ့်နက် 11 နာရီခွဲလာတဲ့ အချိန်မှာတော့ ဘယ်လောက်ပဲ တက်ကြွနေနေ အိပ်ဖို့အချိန် သင့်နေပြီမို့ ဆရာတွေကပဲ ကျောင်းသားတွေအုပ်စုကို နားချကြရင်း ကိုယ်စီ Camp တွေထဲကို ဝင်ကြဖို့ပြောရတော့တာပဲ ။

လိပ်ခုံးသဏ္ဍာန်ရှိတဲ့ Camp လေးတွေဟာ တအား ကျဥ်းကျဥ်းကျပ်ကျပ်ကြီး ဖြစ်မနေပေမယ့် ချောင်ချိနေတာမျိုးလည်း မဟုတ်ဘူး ။ လွတ်လွတ်လပ်လပ် ခြေပစ်လက်ပစ် အိပ်ရတာကိုပဲ ကြိုက်တဲ့ Baekhyun အတွက်ကတော့ အစကတည်းက ဒီလို နှစ်ယောက်မျှသုံးရမယ်မှန်းသိရင် လူကောင်သေးတဲ့ Botany ဆရာကို သူ့ဘက်ပါအောင် အတင်းဆွဲထားမိမှာ သေချာတယ် ။

ခုတော့ ကိုယ်ထည်ကလည်း အဆမတန် ထွားနေတဲ့အပြင် ၊ အရပ်ကြီးကပါ 6 ပေကျော်နေတဲ့ ပါမောက္ခ Park နဲ့ ဒီလို ကျဥ်းကျဥ်းကျပ်ကျပ် Camp လေးမှာ မျှအိပ်ရမတဲ့ ။ ခုနက ရင်ခုန်ခြင်းတွေဟာ လွင့်ပျယ်လို့ Baekhyun မျက်နှာကို မှုန်ကုပ်ထားမိတော့တယ် ။

" တစ်ဝက် တစ်ဝက်ပဲနော် !
လူကောင်ကြီးတယ်ဆိုပြီး နေရာပိုယူလို့မရဘူး
ဒီနားကို အလယ်စည်းလို့ထားမယ် "

အလယ်ကွက်တိနေရာကို တိတိပပ လက်နဲ့စည်းတားပြနေတဲ့ Baekhyun ကို ကြည့်ရင်း ပါမောက္ခ Park ဟာ စိတ်လေလေနဲ့ပဲ ခေါင်းခါယမ်းလိုက်တယ် ။ စကားများများ ပြောရတာကို မကြိုက်တဲ့လူမို့ ကိုယ့်ဖက်မှာပဲ သက်သက်သာသာ အနေအထားမျိုးရအောင် ကပ်သပ်လှဲချလိုက်ပြီး ခေါင်းအောက် လက်တစ်ဖက် ကွေးထည့်ပြီး အိပ်လိုက်တယ် ။ တစ်ညတလေလောက်ကတော့ သူ့အတွက် အပြင်ဘက် ကုလားထိုင်မှာ အိပ်ရရင်တောင် ပြသနာရှိမနေဘူး ။

Baekhyun ကတော့ ဝတ်လာတဲ့ အပေါ်ဝတ် ထူထူပွပွကို လေးထောင့်သဏ္ဍာန်ခေါက်လို့ ခေါင်းအုံးနေရာမှာထားလိုက်ပြီး ဆန့်ကျင့်ဘက်ကို စောင်းလှဲလို့ အိပ်လိုက်တယ် ။

တိတ်ဆိတ်ပြီး မီးရောင်ဝါဖျော့ဖျော့လေးပဲ ရှိနေတဲ့ Camp ထဲမှာ ခပ်ဝေးဝေးက ပျံ့လွင့်လာတဲ့ ပိုးကောင်တွေရဲ့ အော်သံစူးစူးရယ် ၊ မနီးမဝေး Camp ဆီက တိုးကျိတ်ကျိတ်ထွက်ပေါ်လာတဲ့ ကျောင်းသားတွေ အချင်းချင်း တီးတိုးစနောက်နေသံလေးတွေပဲ ပျံနှံ့နေတယ် ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now