အပိုင်း ၁၀

3.5K 691 43
                                    

အပိုင်း ၁၀ [ Unicode Version ]

သက္ကရာဇ် 2021 ခုနှစ် နှစ်ကုန်ပိုင်း ။

ပါမောက္ခချုပ်ကို အားနာတာမို့ ပွဲပြီးခါမှ ထပြန်ခွင့်ရလာတဲ့ ပါမောက္ခ Park ဟာ ခြံဝန်းထဲ ကားကိုထိုးရပ်လိုက်တဲ့အချိန် ည 12 နာရီ တီးလုနီးပါးဖြစ်နေပြီ ။

ဆေးလိပ်တွေ ဘီယာတွေ အနည်းအကျဥ်းတော့ သောက်လေ့ ရှိပေမယ့် ကျန်းမာရေးအသိရှိတဲ့သူမို့ သူ့မှာ အထိန်းအကွပ်ရှိတယ် ။ ဒါပေမယ့် ဒီနေ့တော့ နည်းနည်းလေး သောက်ခဲ့တာတောင် သူ့အနားကပ်တာနဲ့ ဘီယာနံ့စူးစူးကို ရမှာ သေချာတယ် ။ ဘာလို့လဲ ဆိုတော့ အမြဲ ကချော်ကနဲ့ ဖြစ်နေတတ်တဲ့ ကောင်လေးတစ်ယောက်ကြောင့်လေ ။ သူ့ coat အစွန်းစမှာ ဘီယာမှောက်ကျထားတဲ့ အစွန်းတွေ ခုထိရှိနေတုန်းပဲ ။

အိမ်ထဲကို ဝင်လာတဲ့အချိန် မီးတွေ ဖွင့်ထားပေမယ့် တိတ်ဆိတ်နေတယ် ။ ခါတိုင်းလို သူ့အတွက် အသင့်ဖျော်ပေးထားမယ့် ပျားသံပုရာ နွေးနွေးတစ်ခွက်ကိုတောင် မတွေ့ရဘူး ။ ဘာလို့လဲဆိုတော့ ဖျော်ပေးမယ့်သူက အရင် တိုက်ပွဲကျပြီးသားမို့ ဖြစ်မယ် ။

ပါမောက္ခ Park ချွတ်ပြီးသား coat အင်္ကျီကို လက်ဖျံတစ်ဖက်ပေါ်တင်လို့ နောက်လက်တစ်ဖက်က necktie ကို ဆွဲချွတ်နေရင်း တန်းလန်းနဲ့ပဲ အခန်းထဲကို ဝင်လာခဲ့တယ် ။ ညစာ စားပွဲကနေ အစောကြီးကတည်းကပဲ ပြန်နှင့်တဲ့ တစ်ယောက်ကတော့ သောက်ထားတဲ့ ခွက်ပေါင်းများစွာရဲ့ အရှိန်နဲ့ အိပ်ယာပေါ်မှာ နှိုးမရလောက်အောင်အထိ အိပ်မောကျနေနှင့်ပြီးပြီ ။

Coat ရော necktie ကိုရော ထိုင်ခုံပေါ်ပစ်တင်ပြီးတဲ့ အချိန် ပါမောက္ခ Park ဟာ တင်းကျပ်နေတဲ့ ရှပ်အင်္ကျီ လည်ပင်းနားက ကြယ်သီးတွေနဲ့ လက်ကောက်ဝတ်က ကြယ်သီးတွေကို အရင်ဖြုတ်နေလိုက်တယ် ။ အင်္ကျီလက်ကောက်ဝတ်နားက ကြယ်သီးတွေကို ဖြုတ်လို့ပြီးတဲ့ အချိန် ကုတင်ပေါ်က တစ်ယောက်ဆီ လှမ်းကြည့်မိလိုက်တော့ ဖြစ်ကတတ်ဆန်းခြုံထားတဲ့ စောင်ကြောင့် ခန္ဓာကိုယ် အလယ်ပိုင်းပဲ ကွက်လုံနေတာကို တွေ့လိုက်ရတယ် ။

အပေါ်ပိုင်းမှာ ရင်ဘတ်လောက်ထိပဲ ဆွဲခြုံထားပြီး အောက်ပိုင်းကတော့ သေချာဆွဲမခြုံထားတာမို့ ခြေသလုံးပိုင်းနားလောက်က စပြီး လှစ်ဟာနေလေရဲ့ ။

Saving Myself From the Future [ အနာဂါတ်မှ မိမိကိုယ်ကို ကယ်တင်ခြင်း ]Where stories live. Discover now