သူဒီကလေးကို အများကြီး အလိုလိုက်မိတာ ...
အဲ့တာကြောင့်လည်း သူ့ဖုန်းကို
ယူပြီး သားငယ်တို့ သတင်းဖြန့်ခိုင်းတာထိ လုပ်ခဲ့ခြင်းပင်။
ဒီကလေး အနေအထိုင်ပိရိမှုနဲ့ သေသပ်မှုကြောင့် သူမရိပ်မိခဲ့ ....
Laptopထဲ အကုန်ပြီးပြီဆိုတဲ့
စာရောက်လာမှသာ အကုန်သိခဲ့ရသည်။
သူ့ဖုန်းကို စစ်ကြည့်တော့ မက်ဆေ့လ်ဖျက်ထားပြီး ဖုန်းပါပိတ်ထားသေးသည်။
ဟိုဘက်ကိုလည်း တခါထဲ ဖျက်ခိုင်းသည်တဲ့။
ဟိုဘက်က မသင်္ကာလို့ ဒီတိုင်းထားလို့သာ
အစအဆုံး အကုန်သိလိုက်ရသည်။
ဒီကလေးနဲ့တော့ ရှေ့လျှောက်
ပိုခက်ခဲတော့မှာပင် .....
အချိန်မလွန်ခင် ကျန်းလုပ်ငန်းစုထဲက
နှုတ်ထွက်မှသာ ရတော့မည်။
မဟုတ်လျှင် သားငယ်တို့ပါ အထိနာနိုင်သည်မို့။
" မျက်နှာလည်း မကောင်းပါလား Daddy ...
Baby ဘာကူညီရမလဲ အဟင်း ... "
မဲ့ပြုံးနဲ့ လာခနဲ့နေသည့် အကောင်ပေါက်ကို
ဒီတိုင်းသာ ကြည့်နေမိတော့သည်။
သူဘာလုပ်လို့ ဒီလောက်ထိ လုပ်လိုက်တာလဲဆိုတာ မတွေးတတ်တော့ ....
ချောက်ချွမ်က သူ့ပေါင်ပေါ် ဒူးထောက်လာကာ မေးဖျားကို ဆွဲမော့ရင်း ...
" Daddy ရဲ့ Baby တဲ့ ...
ဟိုနေ့က အိမ်ရောက်လာတဲ့ မြို့တော်၀န်နဲ့ ပါးစပ်အရသာခံပြီး ပြောလိုက်ရတာ တော်တော်မှ အရသာရှိရဲ့လားဟင် ....
Baby က ဆိုးတယ်နော် အဟက် "
လှောင်ပြုံးနဲ့ ပျက်ရယ်ပြုနေတဲ့ ကလေးကို
ခါးကနေသာ ထိန်းဖက်ထားလိုက်သည်။
ကိုယ့်သားထက်လပိုင်းပဲပိုကြီးတဲ့ ကလေးက
ကိုယ့်အတွက် babyပဲလေ ....
ဒီကလေးက ဒါကိုမကျေနပ်လို့
အခုလို လုပ်လိုက်တာပေါ့ ......
အဆိုးလေးပဲ .....
" Daddyက ပျင်းစရာကြီး ...
နည်းနည်းတော့သွေးဆူပြီး ဒေါသထွက်မယ်ထင်ထားတာ ...စိတ်၀င်စားဖို့လည်း
မကောင်းဘူး "
လျောဆင်းဖို့လုပ်နေတဲ့ ကလေးဆိုးကို
ခါးကဆွဲပွေ့ပြီး အိပ်ယာပေါ်ပစ်တင်လိုက်သည်။
KAMU SEDANG MEMBACA
The Romance of Two Stars 🚨🚨🚨 ( Complete)
RomansaChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
FINAL
Mulai dari awal
