FINAL

26.6K 1K 42
                                        

Unicode

အင်တာနက်ပေါ်တွင် ရိ၀မ် တိတ်တိတ်ပုန်း
အိမ်ထောင်ပြုထားသည့် သတင်းက
ပွက်လောရိုက်နေလျက်ရှိသည်။

ရှိသမျှ SNSတွေကနေ အကုန်တက်နေတာမို့
ချက်ချင်းဖျက်ချဖို့ မလွယ်ကူပေမယ့်
hacker team က အစွမ်းကုန် ကြိုးစားပြီး
ဖျက်ချနေကြသည်။

ဆက်သွယ်လာတဲ့ Mediaပေါင်းစုံကိုလည်း
သတင်းစာရှင်းလင်းပွဲလုပ်ပါမည်ဆိုတဲ့
စကားတစ်ခွန်းထဲနဲ့ ဒိုင်ခံငြင်းထားရသည်။

ချက်ချင်းထိုးကျသွားတဲ့ ရှယ်ယာစျေးနဲ့ ကျန်းလုပ်ငန်းစု ပုံရိပ်တွေကြောင့်
ကလေးငယ်ရဲ့မျက်နှာက
ဇီးရွက်လောက်သာရှိတော့သည်။

ကျန်တာအရေးမကြီးမပေမယ့်
ညှိုးငယ်နေတဲ့ ကလေးရဲ့မျက်နှာကို
ရိ၀မ် မကြည့်ရက် .....

အလိုက်မသိပဲ အိမ်ထိလာပြီး ပြောတဲ့ အတွင်းရေးမှုးကိုသာ ရိုက်သတ်ချင်မိသည်။

ယောက္ခမကြီးထံ ဆက်သွယ်ကြည့်သော်လည်း ဘာမှတိတိကျကျ မသိရသေးပေ။

ထိုစဥ်ရိ၀မ်ဖုန်းက မြည်လာတော့သည်။

လျှို့၀ှက်စုံစမ်းခိုင်းထားတဲ့ ယီယီဆီကပင်။

" ​ဘာထူးခြားလဲ ယီယီ "

* စဖြန့်တဲ့သူကို သိရပါပြီ Boss *

" ဘယ်သူလဲ ..  ဘယ်လုပ်ငန်းကလဲ ...
ဘာလိုချင်လို့တဲ့လဲ "

* ကျန်းသခင်ကြီးပါ boss *

" ဘာ !!! "

ရိ၀မ် အကြောအခြင်တွေတောင့်တင်းသွားသည်။

ပါပါးက ... ပါပါးကမဖြစ်နိုင်တာ ....

* ကျန်းသခင်ကြီးရဲ့ စေခိုင်းမှုကြောင့်
Hacker teamတာ၀န်ခံဟောင်းက
စဖြန့်တာပါ boss ...
သူက ကျန်းလုပ်ငန်းစုနဲ့မသက်ဆိုင်တော့ပေမယ့် သခင်ကြီးနဲ့ အဆက်အသွယ်ရှိနေပြီး
သခင်ကြီးစေခိုင်းတာလို့ ပြောပါတယ် Boss "

ရိ၀မ် ဖုန်းကို ချပစ်ပြီး ပါပါးဆီခေါ်ဆိုလိုက်မိသည်။

ပါပါးက ဘာလို့ဒီလိုလုပ်ရတာလဲ .....

ကလေးနဲ့ရော ကလေးငယ်အသိုင်း၀ိုင်းနဲ့ပါ
အဆင်ပြေနေတာကို ဘာကြောင့်များ .....

The Romance of Two Stars 🚨🚨🚨 ( Complete)Tempat cerita menjadi hidup. Temukan sekarang