Unicode
" ဟင့် .... အင့် ..... "
အုံခဲနေတဲ့ခေါင်းနဲ့ ခန္ဓာကိုယ်က
နာကျင်မှုတွေကြောင့် ရှင်းညည်းညူမိသည်။
တစ်ကိုယ်လုံး အရိုက်ခံထားရသလို
ကိုက်ခဲနေသည်။
မျက်လုံးဖွင့်ဖို့တောင် အနိုင်နိုင်အားယူနေရသည်။
ရွှေပေါ်မြတင်နေခဲ့ရသူမို့
ဒီနာကျင်မှုက အသည်းခိုက်စရာ .......
အမြင်အာရုံတွေ ရှင်းလင်းလာပြီဆိုတာနှင့်
အိပ်ယာက ထကြည့်သည်။
မလွယ် ..... တင်းကြပ်နေသော လက်တစ်စုံက ခါးထက်မှာ ရစ်သိုင်းကာနေရာယူထား၏။
" နိုး...နိုးပြီလား ကလေး ..
သက်သာရဲ့လား ...
ဘယ်နားနာနေသေးလဲဟင် "
ရှင်းရဲ့လှုပ်ရှားမှုကြောင့်နိုးလာသော
ရိ၀မ်လောင်ရှစ်က ပြူးပြူးပြာပြာနှင့်
တတွတ်တွတ်ရေရွတ်နေ၏။
ရှင်းအသားတွေ တဆတ်ဆတ်တုန်ကာ မျက်ရည်ဝဲလာသည်။
ယောကျ်ားလေးချင်းအနိုင်ကျင့်ခံရသည့်
အတွေးက ရင်ကိုတင်းကြပ်ကာ
အသက်ရှူရခက်စေသည်။
" ကလေး ... ကလေး ဘယ်နားနာလို့လဲဟင် ..
ကိုယ် ဆရာ၀န် ခေါ် .. ခေါ် ..... "
" မုန်းတယ် "
ရှင်းရဲ့ တိုးလျလျအသံအောက်မှာ
ရိ၀မ်လောင်ရှစ်ရဲ့ ပြာပြာသလဲအမူအရာတွေ
အားလုံး ရပ်တန့်ကုန်သည်။
" ခင်ဗျားကြီးကို မုန်းတယ်လို့ .... ဟင့် ... "
ရှင်းကသာ မျက်ရည်တွေနဲ့ မုန်းတယ်လို့ တသွင်သွင်ပြောနေပေမယ့် ရိ၀မ်လောင်ရှစ်က ဘာမှတုန့်ပြန်မလာ ....
အသက်မဲ့သူတစ်ယောက်လို ခေါင်းကိုသာ
ငုံ့ထားနေသည်။
ရှင်းစိတ်ထဲ နည်းနည်းလေးဆိုးချင်လာသည်။
အနည်းဆုံးတော့ သူတောင်းပန်သင့်တယ်မလား .......
ဒီတိုင်းငြိမ်နေမယ့်အစား တောင်းပန်လိုက်ရင်
ရှင်း စိတ်ထဲသက်သာသွားမှာ .....
ချစ်နေတာမှန်ပေမယ့်
မိမိကို အနိုင်ကျင့်တာကိုတော့
ခံပြင်းမိပါသည်။
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
