Part (25)

16K 1.2K 69
                                    

Unicode

" Rank 2 ... ချန်းယွင်ရှင်း !!!
ဂုဏ်ယူပါတယ် ... နိုင်ငံခြားက
သူငယ်ချင်းလေးအတွက် ဂုဏ်ယူပါတယ် "

ရှင်းနားတွေအူသွားပြီး တစ်ကိုယ်လုံး
လေပေါ်မြောက်တက်သွားသလို ခံစားရသည်။

Fanတွေရဲ့ အော်ဟစ်သံတွေကြား
မေမေလေးနဲ့ ဖေဖေကလည်း အပျော်တွေလွန်ပြီး ခုံပေါ်တက်ကာ bannerတွေ
မြှောက်ပြီး ခုန်ပေါက်အားပေးနေကြ၏။

" ငပိုင် ... ငါ့သူငယ်ချင်းလေး ဟင့် ... "

ဝေလင်းကလည်း ရှင်းကို ဖက်ပြီး
ငိုနေပြန်သည်။

" ချန်းယွင်ရှင်း ... Rank2 မှာ ရပ်ပြီး
ကျေးဇူးတင်စကားပြောကြားပေးပါ ..... "

တြိဂံပုံ လှေကားရဲ့ အပေါ်ဆုံးမရောက်ခင်
တဆင့်အလိုမှာ ရှင်းရပ်လိုက်သည်။

ဒါဟာ သူ့ကြိုးစားမှုရဲ့ ရလဒ်နေရာ ....

တနည်းအားဖြင့် ရှင်းဟွားလေးတွေပေးတဲ့
ချစ်ခြင်းမေတ္တာ ........

သူနဲ့ထိုက်တန်တယ်လို့ ရူးမိုက်စွာ
ယူဆ လိုက်ပါသည်။

" အားလုံးပဲ မင်္ဂလာပါ .....
The Singer ရဲ့ Trainee ချန်းယွင်ရှင်းပါ ...
အခုလို Debutခွင့်ရတဲ့အတွက်
အရမ်း၀မ်းသာမိပါတယ် .....
ပထမဦးဆုံးအနေနဲ့ ဒီနေရာထိရောက်အောင်
ကြိုးစားခွင့်ပြုခဲ့တဲ့ ဖေဖေနဲ့မေမေလေးကို
ကျေးဇူးတင်ပါတယ် ....
ပြီးတော့ ဘာသာစကာမကျွမ်းကျင်တာတောင်ရေမြေခြားထိ လိုက်လာပြီး
အချိန်တိုင်းအတူရှိနေပေးခဲ့တဲ့ သူငယ်ချင်း ဖေးလင်းရန်ကို
အရမ်းအရမ်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ် ....
သူသာမရှိရင် ချန်းယွင်ရှင်းဆိုတာ
ဖြစ်တည်လာမှာ မဟုတ်ပါဘူး ......
နောက် Showရဲ့ mentors၊ Sponserတွေနဲ့ Traineeတွေအားလုံး ကျေးဇူးတင်ပါတယ် ...
နောက်ဆုံးကျေးဇူးတင်ချင်တာကတော့
ရှင်းဟွားလေးတွေပါ .......
ကျေးဇူးတင်တာထက်ကို ပိုလေးနက်တဲ့စကားရှိသေးရင် ပြောပြချင်ပါတယ် ....
မင်းတို့လေးတွေကို ကျေးဇူးတင်ရုံနဲ့
မလုံလောက်မှန်းသိပါတယ် .....
ငါ့ရဲ့ ဖြစ်တည်မှု၊ကြိုးစားမှုအားလုံးကို
ချစ်ပေးလက်ခံပေးလို့ အများကြီးပျော်ရွှင်ရပါတယ် ....
မင်းတို့ပေးတဲ့ အချစ်တွေနဲ့တန်အောင်
ငါအများကြီး ကြိုးစားပါ့မယ်လို့
ကတိပေးပါတယ် ....
စောင့်မျှော်နေပေးကြပါ "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now