Unicode
Chengdu ရှိ ကျန်းအိမ်တော် ~ ~ ~
ကြီးကျယ်ခမ်းနားလှတဲ့ အိမ်တော်ရဲ့ အလုပ်သမားအားလုံးဟာ ခြံဝန်းထဲက
လျှောက်လှမ်း တစ်ဖက်တစ်ချက်ဆီမှာ
အသင့်အနေအထားရပ်နေကြရသည်။
ခဏအကြာ McLarenကားတစ်စီးဝင်လာချိန်မှာတော့ သူတို့အားလုံး ခေါင်းငုံ့ကာအရိုအသေပြုကြရသည်။
ထိုကားလေးက စံအိမ်ရှေ့ ကောဇောနီထက်မှာရပ်တန့်သွားသည်။
ကားပေါ်မှဆင်းလာသော တစ်ကိုယ်လုံးအနက်ရောင်အ၀တ်အစားများနှင့် လူအား
စံအိမ်၏သခင်ကြီးနှင့် သမီးဖြစ်သူတို့က
ပွေ့ဖက်ကြိုဆိုနေကြ၏။
ထိုသို့ဘုရင်တစ်ပါးသဖွယ် ခမ်းခမ်းနားနားကြိုဆိုခြင်းခံနေရသူကား အခြားမဟုတ်....
ကျန်းလုပ်ငန်းစုရဲ့ အနာဂတ်အမွေဆက်ခံမည့် သခင်လေးကျန်း တစ်ဖြစ်လည်း သရုပ်ဆောင်နှင့် အဆိုတော် ကျန်းရိဝမ် ........
" အိမ်ထဲသွားရအောင်လေ သား "
" ဟုတ်ကဲ့ ပါးပါး "
သားဖတစ်တွေ အိမ်ရှေ့မှာအလွမ်းသယ်နေရင်းမှ အိမ်ထဲသို့ဝင်ခဲ့ကြသည်။
သူတို့အိမ်ထဲဝင်သွားခါမှ အလုပ်သမားများအားလုံးလည်း လုပ်စရာရှိတာ ပြန်လုပ်ကြရသည်။
" တခါထဲ ထမင်းစားမလားမောင်လေး ......
ဒီနေ့ မောင်လေးအကြိုက်တွေချည်းပဲ စားဖိုမှူးကို ချက်ခိုင်းထားတယ် ...... "
" ဟုတ်တယ် သားရေ ....
သားမမ က မနေ့ထဲကသားကြိုက်တွေစီစဉ်ပြီး အလုပ်ရှုပ်နေတာ "
အဖေနဲ့အမ ဖြစ်သူက တစ်ခါထဲ ထမင်းစားခိုင်းပေမယ့် ရိဝမ် မစားချင်သေး .....
ညီးစီနေသောခန္ဓာကိုယ်ကို ရေချိုးပစ်ချင်သည်။
" ရေအရင်ချိုးလိုက်ဉီးမယ် ပါးပါး .....
လူက နည်းနည်းခရီးပန်းလာလို့ "
" ပါးပါးပြောသားပဲ Private လေယာဉ်နဲ့လာကြိုခိုင်းပါမယ်ဆိုတာ ....
အခုလက်မခံတော့ ပင်ပန်းနေပြီ "
" နည်းနည်းပါ ... ပါးပါးရဲ့ "
" အဲ့တာဆိုလည်း ပါးပါးနဲ့မမ
ထမင်းစားခန်းက စောင့်နေမယ် ......
ပြီးတာနဲ့ ဆင်းလာခဲ့ "
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
