Part (15)

22.7K 1.6K 107
                                        

Unicode

နောက်တနေ့ညနေခင်းတွင်
ရှင်းတို့နှစ်ယောက် ရေချိုးအ၀တ်အစားလဲရင်း တက်ကြွနေခဲ့ကြသည်။

ချောက်လောင်ရှစ်က ၇နာရီကွက်တိလာခေါ်မည်ဆိုသော်လည်း သူတို့က၆နာရီလောက်ထဲက ပြီးစီးကာ ဖင်တကြွကြွနဲ့ ဖြစ်နေကြပြီ။

ဒီကြားထဲရိ၀မ်လောင်ရှစ်ကို ရှောင်နေတာမို့
ရှင်းစိတ်ထဲ တစ်မျိုးကြီးဖြစ်နေသည်။

ဟိုတခါဆေးခန်းသွားတဲ့ ကိစ္စပြီးထဲက
သူလည်းအကိုင်ခံရမှာကြောက်လို့
ရှောင်နေခဲ့သလို
ရိ၀မ်လောင်ရှစ်ကလည်း တကူးတကကြီး စကားလာပြောခြင်းမျိုးမရှိတော့ .....

လေ့ကျင့်ချိန်အတွင်းသာ ရံဖန်ရန်ခါလောက်ပဲ ပြောဖြစ်ကြတော့သည်။

ဒီလိုဆိုတော့လည်း သူ့စိတ်ထဲက တစ်ခုခုလိုနေသလို ဟာနေသည်။

ဘာကြောင့်ရယ်မှန်းတော့ သေချာမသိပါ .....

" ငပိုင် "

" ဟင် "

ကိုယ့်ဟာကိုယ် တွေးနေရာမှ ဝေလင်းခေါ်သံကြောင့် အတွေးစတို့ ပြတ်သွားရသည်။

" မင်းလွမ်းဖူးလား ... "

ဘာမှမရှိတဲ့ နံရံကြီးကို ငူငူကြီးစိုက်ကြည့်ပြီးမေးလာတဲ့ ဝေလင်း .......

" ဘာကြောင်ပြန်ပြီလဲ ? "

" ငါအတည်မေးတာ ... "

ဝေလင်းရဲ့အသံက လေးလေးနက်နက်မို့
ရှင်းသက်ပြင်းရှည်ကြီး ချလိုက်သည်။

လွမ်းဖူးလားတဲ့ ......

လွမ်းတယ်ဆိုတာ သတိရတာနဲ့
အတူတူပဲလား .....

ဒါဆို ဖေဖေတို့ကို သတိရတာကလည်း
လွမ်းတာပဲပေါ့ .......

" အင်း ... လွမ်းဖူးတယ် ဝေလင်း "

သူ့စကားအဆုံး ဝေလင်းက
ရှင်းဘက်လှည့်လာသည်။

" ဘယ်သူ့ကိုလဲ "

" အိမ်ကို ... "

" အိမ်မဟုတ်ပဲ တခြားတစ်စုံတစ်ယောက်ကိုရော "

တစ်စုံတစ်ယောက် ........ ?

ဒါတော့ မလွမ်းဖူးသေးပါ ......

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now