Part (44)

15.9K 953 49
                                        

Unicode

" ၀င်ရအောင် လင်း .... "

ကိုယ့်အိမ်ကိုယ့်ယာပင်ဖြစ်သော်ငြားလည်း
ဝေလင်းရဲ့ လက်ဖျားတွေ အေးစက်နေသည်။

" ကိုယ်ရှိတယ် .... "

မ၀ံ့မရဲဖြစ်နေတဲ့ ဝေလင်းရဲ့လက်တွေကို
ဆုပ်ကိုင်ရင်း လုံချင်က အားပေးလာသည်။

စိတ်လှုပ်ရှားတာထက်
ဝေလင်းကြောက်နေမိတာ ......

ဧည့်ခန်းထဲတွင် နိုင်ငံခြားဖြစ်ဆေးလိပ်
တစ်လိပ်ကို ရှိုက်ဖွာနေသော
မာမီက လုံချင်ကိုင်ထားတဲ့ ဝေလင်းလက်ကို စူးစိုက်ကြည့်နေသည်။

ခပ်တည်တည်နဲ့ မာမီ့ရှေ့မှာ ၀င်ထိုင်ရင်း
ကိုယ်ကိုကျုံ့ထားမိသည်။

" ကျနော့နာမည် ကျိုးလုံချင်ပါ အန်တီ ....
တွေ့ရတာ ၀မ်းသာပါတယ် .... "

ယဥ်ကျေးစွာ နှုတ်ဆက်နေသော လုံချင်ကို
မာမီက အရေးပင်မလုပ် ....

ဝေလင်းစိတ်ထဲ အားနာနေမိသည်။

သဘောမတူရင်တောင် ဒီလောက်ထိ
ပစ်ခါဖို့မကောင်းပါဘူး .....

ချင်ကောက အားနည်းချက်
ရှိနေတာမှမဟုတ်တာ .......

" ဒါ သားချစ်သူပါ မာမီ ... လက်ခံပေးပါ "

ဝေလင်း ပြတ်သားစွာ ဆိုလိုက်သည်။

မာမီကတော့ ဆေးလိပ်ငွေ့တွေ မှုတ်ထုတ်ကာ
အေးစက်စက်ကြည့်နေဆဲ .....

" လက်မခံဘူးဆိုရင်ရော ... "

နွေခေါင်ခေါင် မိုးပြိုးပစ်ချလိုက်သည့်နှယ် ...

ဝေလင်း တစ်ကိုယ်လုံးတုန်ယင်လာသည်။

မာမီ့ကို ကြည့်မိတော့ ခပ်မဲ့မဲ့ပြုံးနေသည်။

" သားတို့ အတူနေပြီးပါပြီ .... "

" လင်း !! "

စိတ်ထဲရှိတဲ့အတိုင်း အားတင်းကာပြောတော့
မာမီက ဟက်ဟက်ပက်ပက် ရယ်သည်။

လှောင်ရိပ်စွန်းနေသည့် အကြည့်တွေနှင့် ....

ခနဲ့တဲ့ မျက်၀န်းတွေနဲ့ ......

" သားက လုပ်ချင်တာလုပ်ပြီးမှ
မာမီ့ကို အသိပေးတတ်တဲ့ အကျင့်က
မပျောက်သေးဘူးပဲ .... "

The Romance of Two Stars 🚨🚨🚨 ( Complete)Donde viven las historias. Descúbrelo ahora