Unicode
ရှင်းဖေဖေရှယ်ယာ၀င်ထားတဲ့
ဟိုတယ်တစ်ခုမှာ ရှင်းရယ် ရိ၀မ်ရယ်
မျက်နှာထားတင်းတင်းနဲ့ ဖေဖေရယ်
အားနာနေတဲ့မျက်နှာနဲ့ မေမေလေးရယ် ....
" သားတို့အကြောင်း ဖေဖေသိတယ် ...
တစ်ဦးသောသားလေးမို့ ပျော်ပါစေဆိုပြီး
မသိယောင်ဆောင်နေတာ ...
လက်ထပ်ဖို့ထိတော့ ဖေဖေခွင့်မပြုနိုင်ဘူး ....."
ဦးရန်ရှင်းရဲ့ အားနာခြင်းကင်းတဲ့
စကားသံကြောင့်
ရိ၀မ်မျက်နှာဟာ ပြိုတော့မည့်မိုးလိုပင် ......
" သား ... ၀မ်ကောကောကို ချစ်တယ်ဖေဖေ "
" သားချစ်တာကို ဖေဖေမတားဘူးသား ...
ဒါပေမယ့် လက်ထပ်ခွင့်မပြုဘူး ... "
" ကိုကြီး ..... "
" ယု အသာနေ ....
ဒီတစ်ခုတော့ ကိုယ်အလျော့မပေးနိုင်ဘူး "
ဒေါ်ယုယလည်း မျက်နှာငယ်လေးနဲ့
ဘာမှမတတ်နိုင်တော့ .....
" ကျနော်တို့ကို ခွင့်ပြုပေးပါ အန်ကယ် ...
ပျော်အောင်ထားပါ့မယ် ...
အန်ကယ်လိုချင်တဲ့ အရည်အချင်းရှိအောင်လည်း ကြိုးစားပါ့မယ် ... "
ဦးရန်ရှင်းမျက်နှာကား
ဘာမှပြောင်းလဲဟန် မရှိ .....
အခြေအနေက အကဲခတ်ဖို့ရာ
အလွန်ခက်ခဲနေသည်။
ရိ၀မ် ဒူးထောက်ချလိုက်သည်။
" ကြိုးစားခွင့်ပေးပါ အန်ကယ် ....
အန်ကယ်ဖြစ်စေချင်တဲ့ ပုံစံပြောပါ ....
ကျနော်ပြောင်းလဲပေးပါ့မယ် ....
ကျေးဇူးပြုပြီး လက်ထပ်ခွင့်ပေးပါ ...... "
ရိ၀မ်ရဲ့ နံဘေးတွင် ရှင်းလေးကပါ
အတူ ဒူးထောက်လာသည်။
" ဖေဖေဖြစ်စေချင်တာကို ပြောပါ .....
သားက ဖေဖေလိုချင်တဲ့ပုံစံအတိုင်း
ဖြစ်ပေးမှာမို့ လက်ထပ်ခွင့်လေးပဲ ပေးပါ .... "
" ပြန်လိုက်ခဲ့ "
ဖေဖေ့ရဲ့ စကားကြောင့်
ရှင်းမော်ကြည့်မိသွားသည်။
" ပြန်လိုက်ခဲ့ပြီး ဖေဖေ့လုပ်ငန်းကိုလေ့လာ ...
ဒါဆိုရင် စဥ်းစားပေးမယ် .... "
ရှင်း ချက်ချင်းပဲ ခေါင်းငြိမ့်ပြလိုက်သည်။
" ဖေဖေ ကတိပေးလား "
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
