Part (40)

16.8K 1K 67
                                        

Unicode

အချိန်တွေ ကုန်ဆုံးမှုနှုန်းက သိပ်မြန်သည်။

ယခုဆို ကလေးငယ်နဲ့ အတူရိုက်ကူးရသည့်
ဇာတ်လမ်းက ပြီးဆုံးသွားပြီး ရိ၀မ်ရဲ့
ကျန်းလုပ်ငန်းစုကို လက်လွှဲယူသည့်နေ့
ရောက်လာပြီဖြစ်သည်။

ရိ၀မ်လက်မှတ်ထိုးနေသည့် ဟိုတယ်ရှေ့တွင်
မီဒီယာတွေ ခြေချင်းလိမ်ကာ တိုးမပေါက်နိုင်အောင် ရှိကြသည်။

အင်တာဗျူးဖို့စောင့်နေသော ထိုသူတို့ကြောင့်
ခပ်ချေချေ ရိ၀မ်က ဟိုတယ်ရှေ့က မပြန်ပဲ
ခေါင်မိုးထပ်ကနေ Helicopterနှင့်သာ
ပြန်သွားခဲ့သည်။

နေ့တ၀က်နီးပါးစောင့်နေကြသော ထိုသူတို့မှာ
ရိ၀မ်ကို မြင်တောင်မမြင်လိုက်ရတာမို့
ကြိတ်မနိုင်ခဲမရဖြစ်နေကြတော့သည်။

ညနေစောင်းတော့ ကျန်စလုပ်ငန်းစုက
ပါတီပွဲတစ်ခုကျင်းပသည်။

တက်ရောက်ကြသော အနုပညာရှင်များတွင်
ရှင်းလည်းအပါအ၀င် ....

မီဒီယာတွေကိုလည်း အကန့်သတ်နဲ့
၀င်ခွင့်ပြုထားတာမို့ ကင်မရာမီးရောင်တွေက
တဖျတ်ဖျတ် .......

" မင်္ဂလာပါ ....  ကျမက Nine mediaက
သတင်းထောက် Ria ပါ ...
အခုကျန်းလုပ်ငန်းစုရဲ့ ဥက္ကဌသစ် မင်းသားကျန်းရိ၀မ်ကို အင်တာဗျူးမှာ ဖြစ်ပါတယ် .... "

တိုက်ရိုက်ထုတ်လွင့်နေသော
အဆိုပါ mediaကို နိုင်ငံတော်တော်များများကစီးပွားရေးလုပ်ငန်းရှင်တွေရော
ရိ၀မ် Fanတွေပါ စိတ်၀င်စားနေလျက် ရှိကြသည်။

" မင်္ဂလာပါ ... ဥက္ကဌ ကျန်းရိ၀မ် "

" ဟုတ်ကဲ့ မင်္ဂလာပါ ... "

" ရိ၀မ်အနေနဲ့ ငယ်ငယ်ရွယ်ရွယ်နဲ့
ဒီလုပ်ငန်းစုကြီးတစ်ခုလုံးကို ချုပ်ကိုင်ဖို့
ယုံကြည်ချက်ရှိပါရဲ့လား .... "

သတင်းထောက်ရဲ့မေးခွန်းကို ရိ၀မ်က
တစ်ချက်ပြုံးသည်။

" အားလုံးရဲ့ ယုံကြည်မှုကို ရလို့
ဥက္ကဌနေရာရောက်လာတဲ့ ကျနော်က
ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပါတယ်လို့
ဖြေပေးရဦးမှာလား  .... "

" တောင်းပန်ပါတယ် ရိ၀မ် ....... "

" ကိစ္စမရှိဘူး ... "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now