Unicode
ဟိုတယ်ရှေ့ရောက်သည်နှင့်
ရှင်းကို Staff ဖြစ်သူ ယီယီလက်ထဲထည့်ပြီး
ရိဝမ်ကတော့ ဘယ်ပျောက်သွားမှန်းမသိပါ။
ယီယီက ရှင်းကို ဟိုတယ်ရဲ့အပေါ်ဆုံးထပ်သို့
ခေါ်သွား၏။
ရှင်းစိတ်ထဲ စိုးရိမ်မှုတစွန်းတစ ၀င်ရောက်လာသည်။
ဒီဟိုတယ်က ကြီးမားပြီး ခေတ်မီပေမယ့်
၀င်လာထဲက
တည်းခိုသည့်သူ တစ်ယောက်မှမတွေ့ .......
ယီယီကလည်း ရှင်းကို ဘာမှမပြောပဲ
ရုပ်တည်ကြီးနဲ့သာ အပေါ်ဆုံးထပ်သို့
ခေါ်ချသွားသည်။
Elevator တံခါးပွင့်သည်နှင့် ဘယ်ဘက်က
လှေကားသေးသေးပေါ်တက်လိုက်သည့်အခါ
မြင်လိုက်ရတဲ့ မြင်ကွင်းက
ရှင်းကို မှင်သက်သွားစေသည်။
တစ်ထပ်လုံးကို ကောဇောနီတွေခင်းထားပြီး
ကြိုးရှည်ရှည်နဲ့ မီးလုံးတွေနှင့်အတူ စားပွဲရှည် ၇ လုံးကို ထိပ်ဆုံးမှာတစ်လုံး ဘေးဘက်မှာ
၃ လုံးစီ ခပ်ကျဲကျဲနေရာချထားသည်။
ရှင်းရပ်နေတဲ့ နေရာကနေစပြီး အရိုးရှည်ရှည်နဲ့ ခရမ်းရောင် ပန်းပွင့်သေးသေးလေးတွေက
နေရာအနှံ့မှာ ပုံစံအမျိုးမျိုးအဖုံဖုံနဲ့ ရှိနေ၏။
ရှင်းရဲ့ ညာဘက်မှာတော့ လူတစ်ယောက်စာ လမ်းလေးချန်ပြီး ခရမ်းရောင်ပွင့်လေးတွေကို ဘေးတစ်ဖက်တစ်ချက်မှာ ကာရန်ထားသေးသည်။
ခရမ်းရောင်ပန်းလမ်းရဲ့အဆုံးမှာတော့ အနီရောင်ပန်းပွင့်သေးသေးလေးတွေ အများအပြားပုံဖော်ထားတဲ့ လေးထောင့်ပုံ နေရာတစ်ခုရှိသည်။
အရှေ့မှာ လှေကား ၃ထစ် ထားပေးပုံအရ
စင်တစ်ခုဖြစ်မယ့်ပုံပင် ....
လှေကားရဲ့ထိပ်ကို လိုက်ကာလို အနီရောင် ကတ္တီပါသား ထူထူနဲ့ ကာထားတာမို့ အနောက်မှာ ဘာရှိနေတာလဲ ဆိုတာတော့
ခန့်မှန်းမရ ........
" ဒါ ... ဒါက ..... "
ရှင်း အတွေးတွေက ရုတ်တရက် အလုပ်
မလုပ်တော့တာမို့ နောက်က ယီယီကို
လှည့်မေးလိုက်မိသည်။
" Boss ခွင့်ပြုချက်မရှိပဲ ဘာမှပြောခွင့်မရှိပါဘူး ..... "
ရုပ်တည်ကြီးနဲ့ ယီယီရဲ့ စကားကြောင့်
ရှင်းငြိမ်ကျသွားသည်။
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
