Part (8)

19.4K 1.7K 43
                                    

Unicode

ရှင်းတို့နေတဲ့ အဆောက်အအုံကြီးရဲ့အလယ်တွင် မီးရောင်တွေစူးရှတောက်ပနေအောင်ထွန်းထားသော အလွန်ကြီးမားသည့်
Stage ကြီးတစ်ခုရှိသည်။

အဆောက်အအုံကြီး၏ အလယ်မှာ
ဆိုပေမယ့် stage ဖယ်လိုက်လျှင်
ပွဲကြည့်ပရိသတ် ၆၀၀လောက်အနည်းဆုံး
ဆန့်သည်။

Stage background ဟာလည်း မီးရောင်စုံတွေ ထိန်လင်းနေပြီး Traineeတွေရဲ့  သီချင်းနဲ့ perfomance အလိုက် Auto ပြောင်းလဲ​ပေးမည့် design တွေပါရှိသည်။

ညာဘက်တွင် Trainee တွေအတွက်
ထားရှိပေးတဲ့ ခုံတွေရှိပြီး အခုတော့
ထိုခုံတွေပေါ်မထိုင်ရသေးပါ .....

Stage ရဲ့ဘယ်မှာတော့ makeup room နဲ့
လေ့ကျင့်ရေးခန်းတွေရှိသည်။

ထိုမှတဆင့်သွားလျှင် Trainee တွေနေသော အခန်းတွေဆီရောက်၏။

အယောက်တစ်ရာကို အခန်း ၂၀ပေးထားသည်။
တစ်ခန်းကို ၅ ယောက်နှုန်း .....

အိပ်ခန်းတွေရဲ့ ညာဘက်တွင်တော့ ထမင်းစားရုံအကြီးကြီးရှိသည်။

မနက် ၆နာရီနှင့် ညနေ ၆နာရီ အပြီးစားကြရ၏။

စည်းကမ်းချက်အရ နေမကောင်းသည်မှ
လွဲ၍ ထမင်းမစားပဲ လုံး၀မနေရ......

Trainee ဘ၀တွင် အစစအရာရာကို စည်းကမ်းချက်တွေ၊အချိန်သတ်မှတ်ချက်တွေနှင့် လုပ်ကြရသည်။

သူတို့သဘောကျသည့်အရာကို
လုပ်နေရတော့ ပင်ပန်းတယ်ရယ်လို့မရှိ .....

အားလုံးကြိုးကြိုးစားစားလုပ်ကြသည်။

ယနေ့ကား အရာအားလုံးပြင်ဆင်ပြီးပြီဆိုတော့ ရိုက်ကူးရေးစမည့်ရက်ဖြစ်သည်။

Trainee တွေသာမက သူတို့၏ fanတွေကပါ ရင်ခုန်နေကြ၏။

ရှင်းနှင့်ဝေလင်းကတော့ The Singerကို
မလာခင် ဘာအနုပညာလှုပ်ရှားမှုမှ
မရှိတာကြောင့် ပြိုင်ပွဲ၀င်တွေရဲ့
profile ထုတ်ပြတော့
လူစိတ်၀င်စားမှုနည်းကြသည်။

ချစ်စရာကောင်းသော အသွင်အပြင်လေးတွေကြောင့် fan နည်းနည်းစီတော့ရှိ၏။

Fansite ရယ်လို့တော့ အတည်တကျ
မရှိသေးကြ ......

" အားလုံးပဲ မင်္ဂလာပါ ....
The Singer Show မှ ကြိုဆိုပါတယ် .....
နှစ်သစ်မှာ ပရိတ်သတ်တွေနဲ့အတူ
Trainee တွေအားလုံးပျော်ရွှင်ကြပါစေ .... MC ခယ်လု ပါ "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now