Part (5)

31.4K 2.1K 182
                                        

Unicode

ရှင်းတို့လိုက်ပါလာသော ကားလေးက
Zhou ent; ဆိုတဲ့ အဆောက်အအုံကြီးကြီးတစ်ခုရှေ့မှာ ထိုးရပ်သွားခဲ့သည်။

" ကဲ... ရောက်ပြီ ကလေးတို့ "

လုံချင်ရဲ့စကားဆုံးတာနဲ့ ရှင်းရောဝေလင်းပါ
ကားပေါ်ကနေဆင်းလိုက်ကြသည်။

ဝါး ...... ကြီးလိုက်တဲ့ ကုမ္ပဏီ .....

ဘေးမှာလည်း အဆောက်အအုံ
အကြီးအသေးတွေအများကြီး ၀န်းရံလို့........

သူတို့မိဘတွေကချမ်းသာသူများဆိုပေမယ့်
ဒီလောက်ကြီးကျယ်ခမ်းနားတဲ့
ကုမ္ပဏီမျိုးတော့ သူတို့မမြင်ဖူးခဲ့.....

ဒီ့တစ်၀က်လောက်သာသာ ရှိတဲ့ အဆောက်အအုံတွေက သူတို့ဆီမှာ
အကြီးမားဆုံး ကုမ္ပဏီတွေပင် ......

အားလုံးထဲမှာအကြီးမားဆုံးနဲ့ အခမ်းနားဆုံးလို့သတ်မှတ်ထားတဲ့
ရှင်းတို့ကုမ္ပဏီပင် ဒီလောက်မကြီး ........

ရှင်းနဲ့ဝေလင်းမှာ ရှေ့က အဆောက်အအုံကြီးကို ပါးစပ်လေးအဟောင်းသားနဲ့
မျက်တောင်မခတ်တမ်းငေးကြည့်နေကြသည်။

ရှေ့က ကလေးနှစ်ယောက်ကိုကြည့်ပြီး
ဒီနေ့အဖို့ရာ ကုမ္ပဏီထဲ၀င်ရပါဦးမလားလို့ လုံချင် တွေးမိသွားသည်။

" အထဲ၀င်ရအောင်လေ ... "

" ဟမ် !! "

ယောင်နနကြည့်လာသော ဖြူဖြူသေးသေးနှစ်ယောက်ကို ထပ်ဆင့်ပြောလိုက်သည်။

" အ ထဲ ၀င် ရ အောင် ....."

" အဲ ... ဟုတ်ကဲ့ "

တစ်လုံးချင်းပြောလိုက်မှ
နားလည်သွားဟန်နှင့် နှစ်ယောက်သား
အိတ်လေးတွေဆွဲပြီး
သူ့နားရောက်လာကြသည်မို့
သူဦးဆောင်ကာ ကုမ္ပဏီထဲ၀င်ခဲ့ကြသည်။

ကုမ္ပဏီ၀တွင် သူလာတာနဲ့ အစောင့်တွေက ဦးညွတ်ကာ တံခါးကြိုဖွင့်ပေးထားကြ၏။

ရှင်းတို့ အထဲရောက်တော့ Aircon ဒဏ်ကြောင့် အေးစိမ့်သွားသည်။

လမ်းတစ်လျှောက် တွေ့သောUniformနဲ့အကိုကြီး၊အမကြီးတွေက
သူတို့ဘေးမှ ခေါင်းငုံ့ပြီးဖြတ်သွားကြ၏။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now