Part (47)

18.8K 925 21
                                        

Unicode

ညက အိပ်ရေးပျက်ထားတာကြောင့်
ခြေပစ်လက်ပစ်အိပ်ရင်းမှ ညနေစောင်းတော့
နိုးလာ၏။
နိုးနိုးချင်းရှာမိတာက အသစ်စက်စက်
အမျိုးသားဖြစ်သူကို .....

သို့သော် ရှင်းရှာနေသည့် အမျိုးသားမှာ
အခန်းထဲမရှိ .....
ရေချိုးခန်းထဲလည်း မရှိ ....

အထွေအထူး စဥ်းစားမနေတော့ပဲ
ရေချိုးခန်းထဲ ၀င်ကာ ကိုယ်လက်သန့်စင်
လိုက်သည်။

အပြင်ထွက်လာတော့ ကိုယ်တောချောက
ပြန်ရောက်နေပြီ။

" ဘယ်သွားတာလဲ .... "

" ပါပါးလာလို့ ... "

" ဒီကိုလား ... "

" အင်း ...
ကလေးအိပ်နေလို့ ကိုယ်ပဲတွေ့လိုက်တာ .... ပြန်တော့မှာမို့ လာနှုတ်ဆက်တာ ... "

" အယ် နှိုးလိုက်တာတော့ မဟုတ်ဘူး .....
နှုတ်တောင် မဆက်လိုက်ရဘူး ....
အားနာစရာကြီး ... "

" ကိုယ်တို့က မိသားစုတွေလေ ...
အားနာစရာမှ မလိုတာ ...
နောက်ကျသွားတွေ့လို့ ရတယ် "

" အဲ့တာတော့ အဲ့တာပေါ့ .... "

" ကဲ ... အဲ့တာတွေ အသာထား
ကိုယ်ပြောစရာရှိတယ် ... "

bathrobeတစ်ထည်ထဲ ၀တ်ထားတဲ့
ကလေးငယ်ကို ပေါင်ပေါ်ဆွဲတင်လိုက်တော့
အလိုက်သင့်ပါလာလေသည်။

" အင်း ... ပြော "

" ဟန်းနီးမွန်း အတွက် ဘယ်သွားချင်လဲ "

" အလုပ်တွေက ပစ်ထားလို့ရလို့လား
ဥက္ကဌသစ်ကြီးရဲ့ .... "

" ရတယ်လေ ... ဖုန်းနဲ့ လှမ်းညွှန်ကြားမှာပေါ့ "

ရိ၀မ်ပြောတော့ ကလေးငယ်က
မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်နဲ့
စဥ်းစားဟန်ပြုသည်။

" မင်္ဂလာဆောင်ပြီးမှ သွားရအောင်လေ ....
အခုက အလုပ်ကလည်း
နေရာအရွေ့အပြောင်းဆိုတော့ အရင်ဆုံး
လုပ်ငန်းတည်ငြိမ်အောင် လုပ်ကြမယ် ....
ဒီကြားထဲတော့ အင်္ဂလန်မှာပဲ လျောက်လည်ကြမယ်လေ ...
ဟန်းနီးမွန်းအတွက် အချိန်သပ်သပ်ယူမနေတော့ဘူး "

" ကလေးကလည်း ... "

" တော်တန် တိတ် ...
ပြောတဲ့အတိုင်းလုပ် ... "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now