" ........ "
" မာမီ မသိပဲ တရုတ်ကိုသွားတယ် ....
မာမီမသိပဲ ရည်းစားထားတယ် ......
အခုလည်း မာမီမသိအောင်ပဲ
လက်ထပ်လိုက်လေ ...
ဘာလို့ မာမီ့ကို လာခွင့်တောင်းနေတာလဲ .... "
" မာမီ့ !! "
" သွားတော့ ဝေလင်းမောင် ....
ငါနင့်ကို မမြင်ချင်တော့တာမို့
ငါ့ကို မာမီလို့မခေါ်နဲ့တော့ .... "
" ...... "
အရည်တွေ၀ိုင်းလဲ့နေသည့်မျက်၀န်းတစ်စုံနှင့်
သူ့မာမီကို ငေးကြည့်နေသော ကောင်လေးကိုလုံချင် အားမလိုအားမရဖြစ်မိသည်။
တစ်ချက်တောင် မျက်နှာညှိုးမခံခဲ့ဖူးသော
ကလေးပေါက်စ နာကျင်နေတာ
သူဘယ်လိုကြည့်ရက်ပါမည်နည်း .....
ဒူးတစ်စုံကို ကလေးပေါက်စရဲ့ မာမီရှေ့
ထောက်ချလိုက်သည်။
" ပြန်စဥ်းစားပေးပါ အန်တီ .... "
" အသုံးမ၀င်ဘူး .... "
လုံချင်ရဲ့ စကားကို ကလေးငယ်က
ဟန့်တားသည်။
ဒူးထောက်နေတဲ့ လုံချင်ကို လက်မောင်းကနေ
ဆွဲမပြီး သူ့မာမီကို စိုက်ကြည့်ကာ
" မာမီ အခု သားကိုစွန့်လွှတ်နေတာလား "
" ....... "
ကလေးပေါက်စနဲ့ သူ့မိခင်ရဲ့ အကြည့်ချင်းစစ်ပွဲတွင် လုံချင်က ဘေးလူသပ်သပ် ....
" သားနားလည်ပါတယ် ....
တစ်ဦးတည်းရှိတဲ့သားထက် မာမီ့ရဲ့မာန၊
မာမီ့ရဲ့ သိက္ခာက ပိုအရေးကြီးမှန်း သိပါတယ် ...
ဒါကြောင့် အများကြီးနာကျင်ရတယ် ....
တကယ်ဆို တရုတ်ကို သွားထဲက
ပြန်မလာခဲ့သင့်တာ ....
ပြန်လာမိတဲ့ သားကိုယ်သား နောင်တရလို့ မဆုံးဘူး .... "
" ကလေးငယ် ... "
" မာမီ့ဘ၀မှာ သားထက် ကျန်တဲ့အရာတွေက
ပိုအရေးကြီးမှာပါ ...
သားတရုတ်ကို ရောက်နေတာတောင်မှ
ဦးရန်ရှင်းပေးတဲ့ မက်လောက်စရာပိုက်ဆံတွေကြောင့် လာတောင်မတွေ့ခဲ့တာလေ ....
ဒါကြောင့်မို့ သားထက်အရေးပါတာတွေနဲ့ပဲ
မာမီနေပျော်လိုက်ပါ ....
သားကတော့
မာမီ့အနားက ထာ၀ရပျောက်ကွယ်ပေးပါ့မယ် "
ВЫ ЧИТАЕТЕ
The Romance of Two Stars 🚨🚨🚨 ( Complete)
Любовные романыChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (44)
Начните с самого начала
