အပိုင်း ၁၉ ( အကိုဟန့်နောက်ကိုလိုက်ရင် စားဖို့အသားရှိတယ် )

Start from the beginning
                                    

" အမေ စိတ်မပူပါနဲ့... ကျွန်တော် ဒီမှာ ညီလေးနဲ့ ညီမလေးတွေကို ကြည့်ထားပေးပါ့မယ် ... "

ယွီဟန်က ကတိပေးလိုက်တယ် ။ ယွီဟန်က အကိုကျောက်ဟန်နဲ့ ထောင်ခြောက်တွေကိုစစ်ဆေးဖို့ လိုက်သွားချင်ပေမယ့်လည်း သူတို့ ထင်းကောက်စရာရှိသေးတာကို သတိရသွားတယ် ။ မနက်တုန်းက သူ့ကို မတွေ့လို့ အဘွား ဒေါသပုန်ထပြီး သောင်းကျန်သွားတာကို ရှောင်လျန်ဆီကနေ ယွီဟန် ကြားခဲ့သေးတယ် ။ အဲ့တုန်းက အဘွား ဒေါသပြေအောင် အမေနဲ့ညီမလေးက အိမ်အလုပ်တစ်ခု ပိုလုပ်ပေးခဲ့ရသေးတာတဲ့ ။

ဒီမောင်နှမတစ်စုမှာ တစ်ယောက်ချင်းစီရဲ့အခြေအနေကို ကျောက်ဟန် ကောင်းကောင်းကြီး နားလည် သည် ။ ကျောက်ဟန် ရှောင်ချောင်းနဲ့ ရှီထုန်လေးဘက်ကို လှည့်လိုက်ပြီး သူ့နားကို လက်ယက် ခေါ်လိုက်တယ် ။

" ထောက်ချောက်တွေ သွားကြည့်ဖို့ မင်းတို့ ငါနဲ့လိုက်ခဲ့ချင်လား? "

" လိုက်မယ် လိုက်မယ်! "

ရှီထုန်လေးက ကလေးလေးပဲမို့ ကျောက်ဟန်ရဲ့ အမေးကို စဉ်းတောင်စဉ်းစားမနေဘဲ တန်းသဘောတူတယ် ။

တစ်ဖက်မှာတော့ ယွီရှောင်ချောင်းက သူ့အစ်မနဲ့အစ်ကို ပင်ပင်ပန်းပန်း ထင်းရှာနေရတာကြောင့် လိပ်ပြာမလုံသလို ခံစားနေရတယ် ။

ယွီရှောင်လျန်က ယွီရှောင်ချောင်း မဖြေဘဲ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေတာမြင်တော့ အပြုံးတစ်ပွင့်နဲ့ ပြောလာတယ်။
"ညီမလေး ... မင်းကို ကြည့်ရတာ အခုထိ အားနည်းနေသေးတယ်! ဒီလိုပုံစံနဲ့ ငါတို့ကို ကူညီနိုင်မယ်လို့ တကယ်ပဲထင်နေတာလား ဒီမှာနေပြီး ငါတို့ကို အခက်တွေ့အောင် မလုပ်နဲ့နော်"

" ဒုတိယအမ , ငါတို့ တောင်ပေါ်ကနေ ပြန်လာတဲ့အခါကျမှ သူတို့ကို ထင်းရှာကူပေးလို့ ရသားပဲ ! "
ဉာဏ်ကောင်းတဲ့ ရှီထုန်လေးက လျင်လျင်မြန်မြန်ပဲ ဆင်ခြေတစ်ခုပေးပြီး သူ့အမကို အပါခေါ်ဖို့ ဆွဲဆောင်လိုက်တယ် ။

အရင်ဘဝတုန်းက မြေပြန့်ဒေသမှာပဲ ကြီးပြင်းခဲ့ရတဲ့အတွက် တောင်ပေါ်မှာ အမဲလိုက်ဖို့ ယွီရှောင်ချောင်းဆီမှာအတွေ့အကြုံလုံးဝမရှိပေ ။ အခုတော့ သူမမှာ ဒီအတွက် အခွင့်ရေးတစ်ခု ရလာပြီမလို့ သူမရဲ့ စူးစမ်းလိုစိတ်ကို ထိန်းချုပ်မရနိုင်ခဲ့ ။ ခဏလောက်တွေဝေနေပြီးနောက်မှာတော့ ယွီရှောင်ချောင်းက သူတို့နောက် လိုက်သွားဖို့ ဆုံးဖြတ်လိုက်တယ် ။

သက်တန့်ရောင် မိန်းမပျို Book 1 (MMTranslation) Where stories live. Discover now