My son or boyfriend 28

Start from the beginning
                                    

"ဟီးးး ဟုတ်...ဒါနဲ့...." အိမ်ပတ်ပတ်လည်ကိုကြည့်နေသော Jellyကြောင့် လပြည့်ဝန်း လဲ နားမလည်သလိုဖြစ်သွားသည်။

"ဘာရှာနေတာလဲ Jelly"
"ဘဲ...ဘဲကြီးရှိလားဟင်"

"ဟင်...ဘယ်က ဘဲကြီးလဲ" ဒီအခြေအနေကိုကြည့်ရင်း ကြယ်စင်ကပဲ....
"အမလေး ပြောပြမယ် လပြည့်ရေ...." ဆိုပြီး အစချီကာ ဥက္ကာနဲ့ Jelly အကြောင်းကို ဖောက်သည်ချရတော့သည်။

"ဟားးး ဒီလိုလား သူမရှိဘူး။ ကိုကိုနဲ့ အလုပ်လိုက်သွားရတယ်" မရှိစကားကြောင့် Jelly မျက်နှာလေးငယ်သွားရှာသည်။

"တော်တော့ အပြင်သွားမယ်....လျှောက်လည်ရမယ် အချိန်မရှိဘူး"

တစ်နေကုန် ဟိုဝင်ဒီထွက်နဲ့ လည်ပတ်နေကြရင်း ဗိုက်ဆာလာကြတာကြောင့် လပြည့်ဝန်းရဲ့ ရေခဲမုန့်ဆိုင်လေးပဲထိုင်ကာ delivery နဲ့ မှာစားကြတော့သည်။

"ဆိုင်လေးက ချစ်စရာလေးနော်...လပြည့်တို့များ ကံကောင်းလိုက်တာ...ဒါနဲ့ လပြည့်ကိုကိုက ချောလားဟင်"

"ချောတာပေါ့......" ကြားဖြတ်ကာ ဝင်ပြောသော ကြယ်စင့်ကြောင့် လပြည့်ဝန်း စကားတောင်တံ့သွားသည်။

"စားနေကြပြီလား....ဒီမှာ ကိုယ် မုန့်တွေဝယ်လာသေးတယ်" လွန်းထက်သာအပြောကို လပြည့်ဝန်း ကြောင်အစွာကြည့်နေမိသည်။

"ဘယ်လို...ဖြစ်ပြီးတော့"
"ငါခေါ်လိုက်တာ...." ဒီတစ်ခါ ကြယ်စင့်ကို လပြည့်ဝန်း စိတ်ဆိုးချင်သည်။ ကိုကိုက ဘယ်နည်းနဲ့မှ သူနဲ့တွေ့တာမကြိုက်လောက်ဘူး။

ခုလိုအပြင်ထွက်ရတဲ့အချိန်မျိုးမှာ ကိုကိုသာသိသွားရင် နောက်တစ်ခါအခွင့်အရေးရဖို့ ခတ်သွားလိမ့်မယ်။

"ကြိုက်ရဲ့လား ကောင်လေးကြိုက်တတ်တဲ့ ချဥ်ငန်စပ်အသုပ်တွေလေ"
"ဟုတ်.... ကျေးဇူးပါ အစ်ကိုလွန်းထက်သာ...."

"ရပါတယ် ကွာ...ကောင်လေးနဲ့ ကိုယ့်ကြားမှာ ဒီစကားတွေမလိုဘူး။ ပြီးတော့ ကောင်လေး ကိုယ့်ကို အဲ့လိုနာမည်အပြည့်အစုံကြီး မခေါ်ပါနဲ့လား...." လွန်းထက်သာ၏ အသံမှာ အားငယ်မှုတွေအပြည့်ဖြင့်....

"ဒါ....ဒါဆို ကျွန်တော်ဘယ်လိုခေါ်ရမလဲ"
"ကိုလွန်း...အဲ့လိုလေးခေါ်ပေးပါလား" အားနာတတ်သော လပြည့်ဝန်း အဖို့ ငြင်းဆန်ဖို့ရာ ခတ်ခဲလှသည်။

My Son Or Boyfriend (Complete)Where stories live. Discover now