" အင်း ..... "
" ကတိတည်ပါ ဖေဖေ ... သားလိုက်ခဲ့မယ် "
" ယွင်ရှင်း !! "
ရိ၀မ် အထိတ်ထိတ်အလန်လန့်နဲ့ ကလေးငယ်ကို အော်မိသည်။
ကလေးငယ်က သူ့ကိုအရေးပင်မစိုက်။
" ရှင်း ... ရှင်းလိုက်သွားရင်
ကိုယ်တို့ဝေးရမှာနော် ....
ပြီးတော့ရှင်းသဘောကျတဲ့
ဒီအနုပညာအလုပ်ကို စွန့်လွှတ်တော့မလို့လား "
" အင်း .... "
" ..... "
ရိ၀မ် ပြောစရာ စကားတွေပျောက်ရှသွားသည်။
ရင်ဘတ်ထဲမှာ တင်းကြပ်ပြီး
ပေါက်ထွက်တော့မလို ......
နှလုံးသားကလည်း တဆစ်ဆစ်နာလာသည်။
သူမဝေးရဲဘူး .... မဝေးကြည့်ရဲဘူး ...
ကလေးငယ်နဲ့ ဝေးရမယ့် ဒဏ်ကို
သူခံနိုင်ရည်မရှိဘူး ......
" စောင့်နေပေးပါ .....
သေချာပေါက် ပြန်လာမှာမို့ ..... "
ရိ၀မ် ခေါင်းငြိမ့်မိလိုက်သည်ထင်၏။
ကလေးငယ်က ပြုံးယောင်သမ်းကာ
သူ့မိသားစုနောက် လိုက်သွားသည်။
ရိ၀မ်ကတော့ နာရီပေါင်းများစွာထိ
စိတ်တွေ လွင့်နေဆဲ ......
.
.
.
" ကိုကြီး လွန်တယ် .... "
အိမ်ပြန်ရောက်တာနှင့် သားငယ်က
သူ့အခန်းထဲ၀င်သွားပြီး ချစ်ဇနီးကတော့
ထိုင်နေတဲ့ သူ့ကို ဆူပူစိတ်ကောက်နေ၏။
သားငယ်ရော သူ့သူငယ်ချင်းကိုပါ
စာချုပ်လျော်ကြေးပေးပြီး ပြန်ခေါ်ခဲ့လိုက်သည်။
သားငယ်ကို ဘာအနုပညာလုပ်ခွင့်မှ
မပေးတော့ ......
" ကိုကြီး .... !! "
" ကိုယ်သားကို ကာကွယ်နေတာ ယု "
" .... "
" အချိန်တစ်ခုထိစောင့်ပေး ...
သိရမယ့်အချိန်ရောက်လာရင် ကိုယ်ဘာလို့
ဒီလိုလုပ်ရလဲ သိလာလိမ့်မယ် "
ဒေါ်ယုယက ဘာမှထပ်မပြောတော့ပဲ
မီးဖိုခန်းထဲသာ ၀င်သွားတော့သည်။
ESTÁS LEYENDO
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part(42)
Comenzar desde el principio
