ရိ၀မ်ကတော့ ကိုယ်နှင့်မဆိုင်သည့်အလား
တစ်ခွန်းမှ ၀င်မပြောပဲ ပြုံးပြုံးလေး နှုတ်ဆိတ်နေ၏။

" ဟုတ်ပါ့ဗျာ ... အဲ့တာကြောင့်
တော်ရုံလူကို သမက် မတော်ချင်လို့
သမီးနဲ့ လိုက်ဖက်မယ့်သူကို ရှာနေရတာ .... "

ကျန်းသခင်ကြီးတို့ စကားပြောနေတုန်း
မြို့တော်၀န်ရဲ့ သမီးဆိုသူ၀င်လာသည်။

" ပါပါးဒီမှာ .... "

မြို့တော်၀န်က လက်လှမ်းပြတော့
အနှီမိန်းကလေးက ရိ၀မ်တို့နားရောက်လာ၏။

" ပါပါး ... "

" မင်္ဂလာပါ ကျန်းသူဌေး ... မတွေ့တာကြာပြီ "

" ချင်အာလေးတောင် တော်တော်လှလာတာပဲ .... "

ကျန်းသခင်ကြီးရဲ့စကားကို ချင်မန့်က
ရှက်ပြုံးလေးပြုံးသည်။

" ရိ၀မ် ... ဒါဦးသမီး ချင်မန့် ...
ရိ၀မ်နဲ့ အခုမှဆုံဖူးပေမယ့် ကျန်းသူဌေးနဲ့က
သိတာကြာပြီ ... "

" တွေ့ရတာ ၀မ်းသာပါတယ် "

" ဟုတ်ကဲ့  ၀မ်းသာပါတယ် "

မြို့တော်၀န်ရဲ့ မိတ်ဆက်ပေးမှုကို
၀တ်ကျေတန်းကျေသာ
ပြန်နှုတ်ဆက်လိုက်သည်။

စိတ်ကတော့ ဒီနားကနေအမြန်ပြေးပြီး
VVIP၀ိုင်းမှာ မုန့်ထိုင်စားနေတဲ့ ကလေးနားသာ သွားခွံ့ကျွေးချင်နေမိသည်။

" ပါပါး ...
သားရန် သူဌေးနဲ့ သွားတွေ့လိုက်ပါဦးမယ် "

" ok သား .... "

" ခွင့်ပြုပါဦး မြို့တော်၀န် ... "

ရိ၀မ် မြို့တော်၀န်ကို နှုတ်ဆက်ပြီးတာနဲ့
ကလေးတို့သားဖနား သွားထိုင်လိုက်သည်။

" မင်္ဂလာပါ ရန်သူဌေး ... "

" မင်္ဂလာပါ ဥက္ကဌ ... ဒါ ကျနော့သားပါ "

" ဟုတ်ကဲ့ သိပါတယ် ...
ကျနော်တို့ချင်း ရင်းနှီးပါတယ် "

ရိ၀မ် ပြောပြီး ရှေ့က ၀ိုင်ခွက်ကို
တစ်ငုံ သောက်လိုက်သည်။

သူတို့စကားပြောနေတုန်း ရိ၀မ်နား
လာထိုင်သည်က မြို့တော်၀န်သမီး ချင်မန့်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now