သတင်းထောက်က ရိ၀မ်ရဲ့မျက်နှာကြောင့်
မေးခွန်းလမ်းကြောင်းပြောင်းသည်။
" ရိ၀မ်ရဲ့ လက်ရှိအချစ်ရေးကရော ? "
" ပုံမှန်ပါပဲ "
" ရိ၀မ်အတွက် အချစ်က .... "
" လူမျိုးခြားလေးပါ ... "
" အိုး .... ဘယ်သူလဲ သိခွင့်ရှိမလား ... "
" အေးဆေးပေါ့ ... အချိန်တွေရှိပါသေးတယ် "
" ရိ၀မ်ရဲ့ Fanတွေအတွက် တစ်ခုခုပြောပေးပါဦး ... "
သတင်းထောက်ရဲ့ စကားကြောင့် ရိ၀မ်က
cameraကို တည့်တည့်ကြည့်ပြီး ....
" ဘ၀ကို ပျော်ပျော်ရွှင်ရွှင်တည်ဆောက်ပါ ...
အိမ်မက်ကိုနောက်ကို လိုက်ပါ .....
အခက်အခဲတွေကြုံလာတဲ့အခါ ချစ်ရတဲ့သူတွေကို ကာကွယ်ပါ ... "
" ဟုတ်ကဲ့ ... အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရိ၀မ် ....
ကျန်းလုပ်ငန်းစုကြီး ပိုအောင်မြင်ပါစေလို့ Nine mediaကနေ ဆုတောင်းပေးလိုက်ပါတယ် ..... "
" Thanks ...... "
ရိ၀မ်ဖြေပြီးတာနဲ့ ပွဲထဲပြန်လျှောက်လာခဲ့သည်။
နိုင်ငံရဲ့ အရာရှိတွေပါရောက်လာပြီမို့
လုံခြုံရေးတင်းကြပ်ကာ မီဒီယာတွေကို
အပြင်ထုတ်စေလိုက်သည်။
ကလေးငယ်ကတော့ သူ့အဖေနဲ့ပါပါးတို့၀ိုင်းမှာ စကားလက်ဆုံကျလျက်ရှိသည်။
ခဏကြာတော့ ကျန်းသူခင်ကြီးက ထလာပြီး
ရိ၀မ်နဲ့အတူ အရာရှိတွေကို စကားပြောရင်း
ဧည့်ခံနေ၏။
" ကျန်းသူဌေးက သားသမီးရ
ကံကောင်းလိုက်တာ ...
သားရော သမီးရောက စီးပွားရေးနယ်ပယ်မှာ ဒိတ်ဒိတ်ကြဲတွေချည်းပဲ ..... "
" မြှောက်ပင့်လွန်းနေပါပြီဗျာ .... "
" ကျနော်လည်း ရိ၀မ်လိုသားတစ်ယောက်လောက် လိုချင်သား .... "
သမီးရှင်မြို့တော်၀န်က မသိမသာလမ်းကြောင်းလာလေသည်။
" မြို့တော်၀န်ရဲ့ သမီးလေးကလည်း
အရည်အချင်းပြည့်၀ပါတယ် ...
ရုပ်ကလေးကလည်း ချောပြီး
ငယ်ငယ်ရွယ်ရွယ်နဲ့ ထက်မြက်တယ် "
BẠN ĐANG ĐỌC
The Romance of Two Stars 🚨🚨🚨 ( Complete)
Lãng mạnChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (40)
Bắt đầu từ đầu
