" ဟင့် ... အင့် "

" ချစ်တယ် လင်း ...
နောက်တစ်ခါ လမ်းခွဲစကားမပြောပါနဲ့
ကိုယ်မခံစားနိုင်ဘူး .... "

" ဟုတ် ... အင့် .. "

ထို့နောက်တွင်တော့ ကလေးပေါက်စကို
အသာအယာနမ်းရှိုက်ကာ ရိုက်ကွင်းဆီ
ပြန်ပို့ပေးလိုက်သည်။

ဝေလင်းပြန်ရောက်တော့ ရိ၀မ်နဲ့ရှင်းက
စိုးရိမ်တကြီးစောင့်နေကြ၏။

" အဆင်ပြေရဲ့လား "

နီရဲနေတဲ့ မျက်နှာနဲ့ ဝေလင်းကို
ရှင်းပူပင်စွာ မေးလိုက်သည်။

လက်နှစ်ဖက်ကိုလည်း ဆုပ်ကိုင်ထားလျက်။

" ပြေပါတယ် ... "

ဝေလင်းက ဤမျှသာပြောပြီး အခန်းထဲ
၀င်သွား၏။

" တကယ်ပါပဲ ...
သူများတွေကိုရန်သွားတိုက်ပေးနေတယ် "

" အား !! ကိုယ်ရန်မတိုက်ပါဘူး ... အား
ကလေး ... နာတယ် "

ရှင်းအမြင်ကပ်စွာနဲ့ ရိ၀မ်ရဲ့လက်ကို
အရာထင်အောင် ကိုက်ပစ်လိုက်သည်။

" ကိုယ်အမှန်တိုင်းပြောတာကို "

ရိ၀မ်က သူ့ခန္ဓာကိုယ်ကြီးမှ အားမနာ
နှုတ်ခမ်းထော်ပြီး ငိုမဲ့မဲ့ပြန်ပြောလေသည်။

" ခင်ဗျားဟာလေ .... "

လက်သီးစုပ်နဲ့ ထုရန်ပြင်ပြီးမှ
တမင်ကြောက်ဟန်ဆောင်ကာ
ကျုံ့သွားသည့် ရိ၀မ်ကြောင့်
နဖူးကိုသာ နမ်းလိုက်မိသည်။

" ဝေလင်းကို သွားချော့လိုက်ဦးမယ် "

" အင်း ... ရန်မဖြစ်ကြနဲ့နော် "

" အင်းပါ .... "

ခွင့်ပြုလိုက်တာနဲ့ အနားကနေ
လှစ်ကနဲ ပျောက်သွားသည့် ကလေးငယ်ကြောင့် ရိ၀မ်ပြုံးမိသည်။

အိပ်ကပ်ထဲက အသံမြည်နေသည့်
ဖုန်းကိုတော့ လျစ်လျူရှုထားလျက် ...

ဒီအချိန်မှာ လုံချင်ကလွဲပြီး
ဘယ်သူမှ မဖြစ်နိုင်တာမို့ တမင်ကို
လျစ်လျူရှုထားလိုက်သည်။

တစ်ဖက်က လုံချင်မှာလည်း
ဖုန်းမကိုင်သော ရိ၀မ်ကြောင့် ဆိုဖာကို
ရိ၀မ်အမှတ်နဲ့ တဖုန်းဖုန်းကန်နေသည်မှာ ခြေထောက်တွေ နာလာသည်အထိ ........

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now