* နေပါဦး ...
ငါပြောတဲ့ နိုင်ငံခြားသားလေးက
မင်းကိုပြောတာ ...
မင်းတို့ပြိုင်ပွဲ၀င်နေတုန်းက သူပြောခဲ့တာ ... *
" ဘာ ... !! "
ဝေလင်း ရင်ထဲထိတ်သွားမိသည်။
သနားကမားမျက်လုံးလေးနဲ့ လုံချင်ကို
ခိုးကြည့်မိတော့ အမဲဖြတ်တော့မယ့်
အတိုင်းပဲ ......
* သူ့မှာ မင်းတစ်ယောက်ထဲရှိတာ ...
အဲ့တာလှမ်းပြောတာ အတူရှိနေတယ်ဆိုတော့
ပျော်လိုက်ကြပါဦး ...
မနှောင့်ယှက်တော့ဘူး ... *
" အဲ ခဏ ... ခဏ .. hello ... hello "
ကံမကောင်းစွာပင် ဖုန်းက ကျသွားခဲ့ပြီဖြစ်သည်။
မျက်နှာငယ်လေးနဲ့ ဝေလင်းမှာ
လုံချင်ကိုကြည့်ပြီး ရင်တွေတုန်လာသည်။
" တောင်း ... တောင်းပန်ပါတယ် "
" ပြန်ရအောင် .... "
လုံချင်၏မျက်နှာကား ဘာခံစားချက်မရှိ
ပကတိ အေးစက်နေ၏။
" မှားသွားပါတယ် ဟင့် .... "
" ....... "
" တောင်းပန်ပါတယ် ...
ချစ်လွန်းလို့ သ၀န်တိုမိတာပါ ...ဟင့် "
" သ၀န်တိုတယ် ? ချစ်လွန်းလို့ ? ....
အဲ့တာကြောင့် လမ်းခွဲစကားပြောတာလား "
လုံချင်စကားကြောင့် ဝေလင်းမှာ
ချောင်ပိတ်ခံလိုက်ရသည့်
ကြောင်ကလေးနှယ် .....
" ပြန်ရအောင် ... လိုက်ပို့မယ် "
ကျောခိုင်းပြီး ပြန်ဖို့ခြေလှမ်းနေတဲ့ လုံချင်ကို
ဝေလင်း ပြေးဖက်မိသည်။
နွေးထွေးသည့် ကျောပြင်ကျယ်ကြီးကို
မျက်နှာအပ်ကာ ....
" စိတ်မဆိုးပါနဲ့ အင့် ...
နောက်မဖြစ်စေရပါဘူး ... တစ်ခါပဲ
ဒီတခါပဲ ဟင့် ခွင့်လွှတ်ပေးပါ .... "
တသိမ့်သိမ့်ရှိုက်ငိုနေသည့် ချစ်ရသူကြောင့်
လုံချင် ပြန်လှည့်ကာ ထွေးပွေ့လိုက်သည်။
စိတ်မကောင်းဖြစ်မိပေမယ့်လည်း
မတော်တဆအမှားမို့ အပြစ်မယူရက်ပါ ....
" တိတ်တော့နော် ... ကိုယ်တောင်းပန်တယ် ...
ကိုယ့်အဆိုးလေးကို အလိုမလိုက်မိဘူး ... "
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (39) ++++
Start from the beginning
