စီးပွားရေးအရကလွဲပြီး ဘယ်သူ့ကိုမှ
အရောတ၀င်မရှိခဲ့တာ သူကိုယ်တိုင်
အသိဆုံး ......

ကလေးပေါက်စက ဘယ်ကနေဘာတွေကြားပြီး ဒီလိုတွေဖြစ်နေလဲဆိုတာ သူမသိ ....

ဘာမှမသိတော့ ဘာဖြေရှင်းပေးရမလဲ
မစဥ်းစားတတ်တော့ ....

သေချာတာက ဒီပေါက်စကို
သူ လုံး၀လမ်းခွဲမပေးနိုင်ဘူး .....

" အလိုက်မသိကပ်တွယ်နေမိတာ မှားတာပဲ ...
မလိုအပ်မှန်းသိရင် စောစောထွက်သွားပေးမှာပေါ့ ...... "

ဝေလင်းက လုံချင်ရဲ့ ငြိမ်နေမှုကို
အဓိပ္ပာယ်တလွဲကောက်ကာ
ထသွားဖို့ပြင်သည်။

" လမ်းခွဲမပေးနိုင်ဘူး !! "

လုံချင်က အရှေ့မှာပိတ်ရပ်ရင်း
တစ်လုံးချင်း အေးစက်စက်ပြောသည်။

" ဖယ် !! "

ဝေလင်းရဲ့ တွန်းဖယ်မှုက အရာမရောက်ခဲ့။

ထိုအစား လုံချင်ရဲ့
သန်မာတဲ့လက်မောင်းများကြားတွင်
ချောင်ပိတ်မိသွားသည်။

" ဖယ် .. ဟင့် ... ဖယ်လို့ ... အင့် "

ငိုနေတဲ့ ဝေလင်းကို လုံချင်က
တင်းတင်းကြပ်ကြပ်ဖက်ထားဆဲ ....

ဒီထက်ပိုဆိုးလာရင် အိမ်ခေါ်သွားပြီး
ချုပ်နှောင်ထားလိုက်တော့မှာ .....

တူ ..... တူ .......

ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း
လုံချင်ဆီ ဖုန်း၀င်လာသည်။

" အင်း ရိ၀မ်ပြော .... "

* ဖေးလင်းရန် ရှိလား .... *

" ရှိတယ် "

* ဖေလင်းရန်ကို ပေးလိုက်ပါဦး ...
ပြောစရာရှိလို့ သူ့ဖုန်းက မကိုင်လို့ ..... *

လုံချင် ဖုန်းစပီကာဖွင့်ပြီး ဝေလင်းဆီ
ပေးလိုက်သည်။

" ဟုတ် ရိ၀မ်ကော ... ဟင့် "

* လင်းရန် ... ဟိုနေ့က မင်းကိုပြောပြတဲ့
လုံချင်အကြောင်း ဆက်ပြောပြမလို့ ... *

" မသိချင်တော့ဘူး "

လုံချင်ရဲ့ မျက်နှာကို စူးစိုက်ကြည့်ပြီး
ဖြေလိုက်သည်။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now