သူ ဂရုစိုက်ဖို့တော့ လိုပြီ .........
.
.
.
နာမည်ကြီး စားသောက်ဆိုင်တစ်ခု၏
သီးသန့်ခန်းအတွင်း၌ လုံချင် ဇောချွေးပြန်လျက် ရှိသည်။
ချစ်ရသူလေးက ဘာကိုငြိုငြင်နေမှန်းမသိ
အနားလည်းအကပ်မခံသလို
စကားလည်း တစ်ခွန်းမှ အပြောမခံ .....
အခြေအနေက အတော့ကိုဆိုးရွားနေသည်မို့
လုံချင် ချော့ချင်ပေမယ့် ပါးစပ်မဟရဲ .....
" ဘယ်လောက်ကြာပြီလဲ ....
ခင်ဗျားဖောက်ပြန်နေတာ
ဘယ်လောက်ကြာပြီလဲ ....
ညာမယ်မကြံနဲ့နော် ...
ကျနော့မှာ သက်သေရှိတယ် ...... "
" ဖောက်ပြန်တယ် ... ကိုယ်ကလား ... "
" ခင်ဗျားမဟုတ်လို့ ကျနော်လား ....
အရူးကွက်နင်းမနေနဲ့ ..... "
" အာ ... ကိုယ်မဖောက်ပြန်ပါဘူး .... "
" မယုံဘူး .... သိတဲ့သူက တိတိကျကျကို
ပြောထားတာ ... "
" ဘယ်သူပြောတာလဲ ကိုယ့်ကိုပြော ...
ကိုယ်ပြန်ဖြေရှင်းပေးမယ် .... "
" ဘာလဲ .... နှုတ်ပိတ်မလို့လား .... "
" မဟုတ်ပါဘူးကွာ "
" ဘာ မဟုတ်တာလဲ ... လိမ်မနေနဲ့ ...
ပြော ... ခင်ဗျားပြော ... မပြောနိုင်ရင်
လမ်းခွဲမယ် ... "
" ဟာ .... လင်း !! "
လမ်းခွဲမယ်ဆိုတဲ့ စကားကြောင့်
လုံချင် သတိလက်လွတ် အော်လိုက်မိသည်။
" ကျနော့ကို မအော်နဲ့ !! "
" Sorry လင်း ... ကိုယ်သတိလွတ်သွားတယ် "
" ....... "
" ကိုယ့်ကိုပြောပြ ...
လင်းဘယ်ကကြားလာလဲ ...
ဘာတွေကြားလာလဲဆိုတာ ...
ကိုယ်ရှင်းပြမယ် ...
ကိုယ့်မှာ လင်းအပြင် နောက်ထပ်မရှိဘူး ...
ဒါတော့ ယုံပေး .... "
" ဘာကို ပြောပြရမှာလဲ ...
ခင်ဗျားဖောက်ပြန်နေတာကိုလား ...
ကျနော်ပြောစရာလိုသေးလို့လား .... ကာယကံရှင်က ပိုသိနေမှာပေါ့ .... "
ဝေလင်းရဲ့ ခနဲ့တဲ့ စကားတွေကြား
လုံချင် ကူကယ်ယာမဲ့လာသည်။
အလုပ်နားချိန်တောင် မရှိတဲ့သူက
ဘယ်အချိန်သွားဖောက်ပြန်ရမှာလဲ ....
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (39) ++++
Start from the beginning
