" အင်း ... ကိုယ်ပြောလိုက်မယ် "

" ကျနော် ပြန်မယ် .... "

" လိုက်ပို့မယ် .... "

" မလိုဘူး .... "

" မင်းသားတစ်ယောက် Taxiစီးတာ
အန္တရာယ်များတယ်နော် ... "

" ခင်ဗျားအပူမပါဘူး ... "

" ကိုယ်လိုက်ပို့မယ် ... "

ချောက်ချွမ်ဘာမှ မပြောရသေးခင်
ကျန်းသခင်ကြီးခေါ်ရာနောက်သို့တရွတ်တိုက်ပါသွားတော့သည်။

၅၀ ကျော်အရွယ်က ချောက်ချွမ်လို သန်မာဖြတ်လတ်တဲ့ လူရွယ်တစ်ယောက်ကို
အေးဆေးဆွဲခေါ်သွားနိုင်တာ အံ့သြစရာပဲ။

နွားပျိုသန်လှ နွားအိုပေါင်ကျိုးသလောက်ဆိုတာ ဒါမျိုးလား ....

အသိ၀င်လာချိန်မှာ လက်ကို ဆတ်ကနဲရုန်းပစ်မိသည်။

" ကျနော့ကို မထိနဲ့ .... "

" ok ... ကားပေါ်တက် ... မဟုတ်ရင်
အာမ မ,ခံဘူး ... "

ကျန်းသခင်ကြီးရဲ့ အေးစက်စက်အပြောနဲ့
ကြောက်စရာကောင်းတဲ့ အပြုံးကြောင့်
ချောက်ချွမ် ဆက်မငြင်းရဲတော့ပဲ
ရှေ့မှာထိုးရပ်လာတဲ့ ကားပေါ်တက်မိသည်။

ကျန်းသခင်ကြီး သူ့ဘေးလာထိုင်တော့
တမင် အစွန်နားထိတိုးကပ်ပစ်လိုက်သည်။

" ရိုက်ကွင်းကိုပဲလား ... "

" ဟင့်အင်း ... အနားယူနေကျ ဟိုတယ်ပဲ "

" Ok ...... "

ချောက်ချွမ်ပြောပြီးခါမှ မိမိအနားယူသည့်ဟိုတယ်က ရိုက်ကူးရေးအဖွဲ့သားတွေနဲ့
မတူမှန်း သတိရမိသည်။

ရှင်းနဲ့ကိစ္စ ပြီးထဲက သူဟိုတယ်ပြောင်းခဲ့တာ ......

ပြန်ပြောဖို့ပြင်လိုက်ပေမယ့် တည်တင်းနေတဲ့
ကျန်းသခင်ကြီး မျက်နှာကြောင့်
ဘာမှမပြောပဲ ထားလိုက်တော့သည်။

နောက်မှ ကိုယ့်ဘာသာ သွားလည်း
ဖြစ်သည်လေ ........

ခဏအကြာတွင် ဟိုတယ်တစ်ခုရှေ့၌
ကားရပ်သွားခဲ့သည်။

တံခါးဖွင့်ကာ ဆင်းကြည့်မိတော့
မိမိနေသည့် ဟိုတယ် ......

ဘယ်သူ့ကိုမှ အသိမပေးထားတာမို့
ကျန်းသခင်ကြီးက ဘယ်လိုများ
သိသွားတာလဲ ......

The Romance of Two Stars 🚨🚨🚨 ( Complete)Donde viven las historias. Descúbrelo ahora