" ကလေးသဘော ..... "

ရိ၀မ်တို့သုံးယောက်အတူ ရိုက်ကွင်းကစီစဥ်ပေးသည့် မနက်စာကို စားလိုက်ကြသည်။

ရိ၀မ်အနေနဲ့ ပထမဆုံးအကြိမ် ရိုက်ကွင်းမှာ
စားဖူးခြင်းပင် .....

ဘယ်လောက်ပဲ ရိုက်ကူးရေးတွေများများ
နာမည်ကြီး စားသောက်ဆိုင်တို့ ဟိုတယ်တို့မှ
မဟုတ်ရင် မစားသော ရိ၀မ်က
သူ့ကလေးငယ်​နှင့်အတူ ခုံသေးသေးလေးပေါ်မှာ
မြိန်ရေယှက်ရေစားသောက်နေသည်မှာ
အံ့သြစရာ ......

စားသောက်ပြီးစီးတော့ ပုံမှန်အတိုင်း
ရိုက်ကူးရေးကို စတင်ကာ တစ်နေ့တာ
ကုန်ဆုံးကြပြန်သည်။

ရိ၀မ်အတွက်တော့ တစ်နေ့တာကုန်ဆုံးခြင်းဟာ ကလေးငယ်ကို ပိုင်ဆိုင်ဖို့ တစ်ရက်
ပိုနီးကပ်လာခြင်းပင်။

.

.

.

" ကျနော့ မနှောင့်ယှက်ပါနဲ့ .... "

အေးစက်စက်မျက်နှာနှင့်လိုက်ဖက်စွာ
ထွက်လာသည့် စကားလုံးတိုင်းက
အေးစက်စက် ......

အရှိန်အဝါကြီးမားလွန်းသည့် ကျန်းသခင်ကြီးကိုတောင် ခပ်ပြတ်ပြတ်ပြောရဲသည့်
သတ္တိက တော်ရုံတော့ မဟုတ် ......

" ကိုယ်ဘယ်သူလဲ သိလို့လား .... "

" ကျန်းရိ၀မ်ရဲ့အဖေ ကျန်းကျိုးလွီ .... "

" Oh ! မင်းလေးက သိနေတာပဲ .... "

" စိတ်ဓာတ်ရော ရုပ်ရည်ပါ တစ်ထပ်ထဲကျနေတဲ့ ခင်ဗျားတို့ သားဖကို မရိပ်မိရအောင် ကျနော်က ခပ်အအ,ကောင်မှ မဟုတ်တာ .... "

" စိတ်ဓာတ် ? ... ကိုယ့်စိတ်ဓာတ်ကို
မင်းလေး သိနေတာလား .... "

" အားနေရင်လည်း အကျိုးရှိမယ့်အရာတွေ
လုပ်နေလိုက်ပါလား ကျန်းမျိုးရိုး .....
ဒီမှာ အချိန်လာဖြုန်းမနေသင့်ဘူး .... "

" အခုလည်း အကျိုးရှိမယ့်ဟာ
လုပ်နေတာပဲကို ...... "

" ခင်ဗျားသားကို ပြောလိုက်ပါ ....
သူ့လက်ထဲက ချန်းယွင်ရှင်းကို
ကျနော်ပြန်မလုတာမို့ စိတ်မပူပါနဲ့လို့ ...
ဒီဇာတ်ကားပြီးတာနဲ့ ဘယ်သူနဲ့မှ မပတ်သက်ပဲ နေမှာမို့ စိတ်ချနေပါလို့ ....
ဖအေကို လွှတ်ပြီး လိုက်နှောင့်ယှက်
မနေပါနဲ့ လို့ ...... "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now