" ဟိုရောက်ရင် ကိုယ့်ကားပေါ်တက်လဲလိုက် ...
ကားနောက်ခန်းထဲမှာ
ကလေး၀တ်တဲ့အမျိုးအစား
ကလေး၀တ်တဲ့ size ရောင်စုံရှိတယ် ... "
" ..... "
ပြူးကြောင်ကြည့်နေတဲ့ ကလေးငယ်က
ရိ၀မ်ပြောတာကို အံ့သြနေပုံပဲ ....
" ကိုယ့်အမျိုးသားလေးအတွက် လိုလေသေးမရှိအောင် ပြင်ပေးထားတာလေ "
" ချစ်တယ် ၀မ်ကောကော .... "
" ကိုယ်က ပိုချစ်ပေးပါ့မယ် "
" အွန်း ... ယုံတယ် "
ရိ၀မ်နဲ့ ရှေ့က ဦးဆောင်းကာ ရိုက်ကွင်းဆီသို့
ပြန်လာခဲ့ကြသည်။
မနက်စာစားချိန်မို့ လူတော့ သိပ်မရှိ ......
ရိ၀မ် Bodyguardတစ်ယောက်ကိုခေါ်ကာ
ကလေးငယ်အား ကားနားထိပို့ပေးခိုင်းလိုက်သည်။
သူကတော့ ဒါရိုက်တာလင်းနဲ့ စကားပြောရန်
ကျန်နေခဲ့လိုက်သည်။
" နေထွက်ချိန်က လှရဲ့လား ... "
" အင်း ... မျက်လုံးထဲကကို မထွက်ဘူး ... "
ဝေလင်းရဲ့ ခပ်ရွဲ့ရွဲ့အမေးကို
ခပ်စောင်းစောင်းပဲ ဖြေပေးလိုက်သည်။
" ဟူး .... ငပိုင်တို့တော့ လုံးပါး ပါးတော့မှာပဲ ... "
" မင်းလည်း ဘယ်အချိန်အသံပြန်ပျောက်မလဲ မသိဘူး ... "
" ခင်ဗျား .....! "
" မှားနေလို့လား .... "
" မစနဲ့ ... အဲ့ဘိုးတော်စုတ် ဖုန်းမကိုင်လို့
တင်းနေတာ ...
ရိုက်ကူးရေးသာမရှိရင် သူ့အိမ်ထိ လိုက်သွားတယ် "
" သူက မင်းကိုတကယ်ချစ်ပါတယ် "
" မယုံပါဘူး ... "
" ....... "
ခဏကြာတော့ ကလေးငယ်က ကားထဲကနေဆင်းလာပြီး ရိ၀မ်တို့နားရောက်လာ၏။
" အဆင်ပြေလား ကလေး ... "
" အင်း .... ပြေတယ် "
" အဲ့ဆို မနက်စာသွားစားရအောင် "
" အွန်း ... လာ ဝေလင်း "
" ရိုက်ကွင်းမှာပဲ စားရအောင်နော် ....
ဗိုက်ဆာနေပြီ ..... "
KAMU SEDANG MEMBACA
The Romance of Two Stars 🚨🚨🚨 ( Complete)
RomansaChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (39) ++++
Mulai dari awal
