ဒီလူကြီးက တခါတခါတုံးချက်က
လက်လန်တယ် ......
တုံးရုံတင်လားဆိုတော့ မဟုတ်သေးဘူး ...
တစ်ခန်းပါ လွတ်နေသေးတာ ....
သူ့လက်ထဲရောက်ရင်တော့ ပုံမှန်ဆေးတိုက်မှ
ဖြစ်တော့မယ် ......
မဟုတ်ရင် ရွာသာကြီးကို အတွဲလိုက်
ကြွရတော့မယ့်ကိန်း .......
ခဏကြာတော့ ဖန်းချိုက ဖုန်းကိုကြည့်ပြီး ...
" ကဲ ... ငါပြန်တော့မယ်ကွာ ....
အိမ်က ဖုန်းတွေဆက်တိုက်ခေါ်နေပြီ "
" မင်းဘဲကြီးက မမိုက်ပါဘူးကွာ ...
လာတောင်မကြိုဘူး ... "
လုံချင်ရဲ့ အပြောကို ဖန်းချိုက
မျက်ခုံးပင့်ရင်းမှ ....
" တမင် ငါမကြိုခိုင်းထားတာ ....
မင်းတို့နဲ့ လွတ်လွတ်လပ်လပ် နေချင်လို့ ....
ပုံမှန်ဆို လာကြိုတယ် "
" အေးပါကွာ ... လိုက်ပို့ရဦးမလား "
" ရတယ် ... ငါ့ဘာသာပြန်မယ် "
" Ok ... see u "
" See u all ..... "
ဖန်းချိုပြန်သွားပြီးတော့ ရိ၀မ်နဲ့လုံချင်တို့
အတွဲကိုယ်စီနဲ့ အခန်းထဲ ၀င်ကြတော့သည်။
" ကလေးငယ် ရေချိုးဦးမလား "
ရိ၀မ်အမေးကို ရှင်းခပ်သွက်သွက်ပဲ
ခေါင်းငြိမ့်ပြလိုက်သည်။
မနက်ဖြန် ရိုက်ကူးရေးပြန်စပြီမို့
လည်ထားပတ်ထားသမျှ
ရေချိုးချပစ်ရမည်သာ .....
ရိ၀မ်က ရှင်းအနားတိုးလာပြီး ၀တ်ထားတဲ့
အင်္ကျီကို ချွတ်ပေး၏။
ပြီးနောက် အပေါ်ပိုင်းဗလာကျင်းသွားသော
ရှင်းကိုယ်ကို တစ်ချက်မှပင် စိုက်မကြည့်ပဲ
ရေချိုးခန်းထဲ ၀င်သွားပြန်သည်။
ရှင်းမှာ ရိ၀မ်လုပ်ရပ်ကြောင့်
ရင်ဖိုနေတဲ့ feeling တောင် ငုတ်သွားရသည်။
" ကလေး ... ရေချိုးလို့ရပြီ "
ရေချိုးခန်းထဲက ထွက်လာတဲ့ ရိ၀မ်ရဲ့အသံကြောင့် ရှင်းရေချိုးခန်းထဲ ၀င်လိုက်သည်။
ရေချိုးကန်ထဲမှာ ရေနွေးနွေးကို အဆင်သင့်စပ်ပေးထားသော ရှင်းရဲ့ ချစ်သူ .....
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (36)
Start from the beginning
