ဝေလင်း ခေါင်းခါပြလိုက်သည်။

နာကျင်ခြောက်ကပ်နေတဲ့ လည်ချောင်းကို
အားယူရင်း

''ရေသောက်ချင်တယ် ´´

ဟင် !!! အသံ .... အသံက ထွက်မလာဘူး ...

တစ်ခါမှ ဒီလိုမဖြစ်ဖူးတာမို့
ဝေလင်းအတော်ထိတ်လန့်သွားသည်။

'' ရေ ..... ´´

အသံက လည်ချောင်းထဲမှာတင်
ပျောက်သွား၏။

" ကလေးငယ် ဘာလုပ်ချင်လို့လဲ "

ဝေလင်းက နှုတ်ခမ်းလေးသာ
လှုပ်လာတာမို့ လုံချင်မေးလိုက်သည်။

'' ရေလို့ ..... ´´

အသံမထွက်ပြန်ဘူး ......

' ငါ့အသံတွေ သေသွားပြီလား ....
အီး ... ဟီး ....
ငါစကားမပြောနိုင်တော့ဘူးလား ....  '

ဝေလင်းတွေးရင်းနဲ့ ၀မ်းနည်းကာ
မျက်ရည်တွေ စီးကျလာတော့သည်။

လုံချင်မှာလည်း ရုတ်တရက်ငိုချလာသော
ဝေလင်းကြောင့် ခြေမကိုင်မိလက်မကိုင်မိ
ပြူးပြူးပြာပြာဖြစ်သွား၏။

" လင်း ... ဘာဖြစ်လို့လဲ ...
နာလို့လား ... ဟင် ... ကိုယ်ဆရာ၀န်ခေါ်ပေးမယ်နော် "

လုံချင် ချက်ခြင်းပဲ ဒီမြို့မှာရှိတဲ့
သူငယ်ချင်းဆရာ၀န်ကို ဖုန်းဆက်ခေါ်ရတော့သည်။

ဝေလင်းကတော့ ငိုနေဆဲ .....

လုံချင်လည်း အ၀တ်အစားပင်
မလဲနိုင်ပဲ တတွတ်တွတ်နဲ့
ဖအေကြီးတစ်ယောက်လို ချော့နေရသည်။

ခဏကြာတော့ ဆရာ၀န်ရောက်လာ၏။

" လုံချင်  ... မတွေ့တာကြာပြီနော်
နွား ... ငါကသတိရနေတာ "

ဆရာ၀န်က တံခါးလာဖွင့်ပေးသော
လုံချင် အရင်နှုတ်ဆက်လေသည်။

" ငါလည်း အလုပ်နဲ့ဆိုတော့
ဒီဘက်မရောက်ဖြစ်လို့လေ ...
လာ ငါ့ကလေးကို ကြည့်ပေးပါဦး "

" ဟင် ... မင်းဘယ်တုန်းကအိမ်ထောင်ကျ...
ဟမ် ... သူ သူက "

ဆရာ၀န်မှာ လုံချင်ကိုမေးနေရင်းမှ
ဝေလင်းကိုမြင်ပြီးသကာလ ဆွံ့အ,
သွားတော့သည်။

" ငါ့ ကလေး ... ငါ့ babyကွာ ...
အထူးအဆန်းလုပ်မနေနဲ့ ...
မင်းမှာလည်း ဘဲကြီးရှိနေတာကို "

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now