စုမူကျိ တိုက်ပွဲနယ်မြေ ထဲကို
ဝင်လာတာ နဲ့ ကစားသမား​တွေ
အကုန်လုံး က သူတို့ရဲ့လက်တွေ
ကို ​လေထဲ ​မြှောက်လိုက် ကြကာ
ဝူးဝူးဝါးဝါး နဲ့ အော်ပြီး ​အောင်ပွဲ
ခံ လိုက်ကြတယ်။

နှာဘူးကောင် ထန်းရှီ ရဲ့ မရဏ
​သေလမ်းက မကြာခင် ​ရောက်
လာ​တော့ မှာလေ!

ထို့ကြောင့် အစတုန်း က တုံ့ဆိုင်း
​နေခဲ့ကြ တဲ့ လူအုပ်ကြီး ကတော့
ဒီမှာပဲ ​နေပြီး ပေါက်ပေါက်ဆုပ်
စားရင်း အချစ်အမုန်း ဒရာမာ
ကား ကို ထိုင်ကြည့်ရင်ပဲ​
​ကောင်းမလား ဒါမှမဟုတ် လင်မယားသတ်ပွဲ ထဲ သူတို့ပါ
အဆစ် ပါသွားပြီး မတော်တဆ
ထိခိုက် ဒဏ်ရာ​တွေ ရမှာ စိုးတာ
​ကြောင့် အခုကတည်းက ဒီကနေ
ထွက်သွား လိုက်ရင် ​ကောင်းမလား
ဆိုပြီး စဉ်းစား ​တွေးခေါ်ကြ​တော့
တယ်။

နောက်ဆုံးတော့ လည်း သူတို့ရဲ့
အကြောက်တရား ကို အတင်း
တုပ်ပြီး စပ်စုချင်တဲ့ စိတ်ဆန္ဒက
ပဲ အနိုင်ယူသွားတယ်။

LanRe Serverသားတွေ က
သူတို့ အကြိုက်ဆုံး ဇာတ်လမ်းတွဲ
ကို ကြည့်ဖို့ နေရာ ယူလိုက်ကြ
တယ်။
​သေချာပေါက် ဒီအပိုင်း က
​ဟော့လီးဝုဒ်​ ဇာတ်လမ်းတွေ ထက် တောင် ပိုပြီး စိတ်လှုပ်ရှားစရာ​​
​ကောင်းမှာကို သိနေတယ်လေ။

ထိုအချိန်မှာတော့ အတင်းအဖျင်း
ဂျာနယ်တွေကို လက်လီ လက်ကား​
​ရောင်းချနေကြတဲ့ နတ်ပြည်က
ဘိုးအေကြီး နဲ့ မြေအိုးထဲက
​ရွှေတုံးလေးတို့ နှစ်ယောက်သား
ကတော့ မရေတွက် နိုင်အောင်
မန်းနီးတွေ ကို ပြုလုပ်နေကြကာ မျက်နှာဖြူလေးတွေ ကို ​တောင် စပွန်ဆာ ​ပေးနေ ကြတော့​​လေ
တယ်။

လူတိုင်းက ကောင်းကင်ဘုံ နဲ့
ကမာ္ဘမြေကြီးကို ​တောင် တုန်ခါ သွားနိုင် တဲ့ ရန်ပွဲမျိုးကို မြင်နိုင်
ကြလိမ့်လို့ ထင်ထားကြတယ်။

ဒါပေမဲ့ သူတို့ လုံးဝ မထင်မှတ်ထား
တာ က အဲဒီမှာ သတ်ပွဲတစ်ခု
​တော့ ဖြစ်နေတယ်။ ဒါပေမဲ့
အဲ့သတ်ပွဲ က ပုံမှန်တော့ မဟုတ်
ဘူး။

လူနှစ်ယောက်က လက်ချင်းစုံ
တွဲ ထားကြကာ သူတို့ကို
နိုင်အောင် တိုက်နိုင်တဲ့ ရန်သူ
ဆိုလို့ တစ်ကောင် တစ်မြီးမှ
ရှိမနေပေ။ တစ်ယောက်လာတာ နဲ့
ထိုတစ်ယောက် ကို ထက်ပိုင်း ခုတ်ချလိုက်တယ်။ နှစ်ယောက် လာတယ် ဆိုလည်း ထိုနှစ်ယောက်
ကို စုံခုတ်ချ လိုက်တယ်။

အရှင်​မင်းကြီး ​ကောင်းကင်​ဘုံကို မကြွ​သေးဘူးလားWhere stories live. Discover now