" ယီယီ ... JiJiက debutထားတဲ့ idolတွေရဲ့
Scheduleတွေ အသင့်ပြင်ထား ...
ငါက တင်လိုက်ဆိုတာနဲ့ တန်းတင်လိုက် "
" ဟုတ်ကဲ့ Boss "
ရိ၀မ်အရှေ့က laptopဆီ အကြည့်ပြန်ပို့မိသည်။
ပုံစံက အခန်းကျယ်ကြီးတစ်ခုပုံစံ ....
ကလေးငယ်က လှည့်ပြီးစကားပြောတာကြောင့် ဘေးက လင်းရန်နဲ့အတူ JiJi staffအချို့ပါ တွေ့ရသည်။
ရိ၀မ်မျှော်နေသောသူကတော့
ပေါ်မလာသေး .....
ခဏနေတော့ Staffတွေအပြင်ထွက်သွားသည်လား မသိ ...
ကလေးငယ်နဲ့ လင်းရန်ရဲ့စကားတွေကို
ကြားနေရသည်။
" အဖွားကြီးက မင်းကို ဆူသေးလား "
" မလာသေးဘူးတဲ့ ငပိုင်ရ ...
မန်နေဂျာကတော့ ဆူသွားတယ် "
" ဟုတ်လား ဘာတဲ့လဲ "
" ပွစိပွစိနဲ့ ပွားသွားတာပဲ ...
ဒီဘက်နားက၀င် ဟိုဘက်နားကထွက်လေ ...
ငါလည်းမှတ်မထားဘူး "
" ဟွန်း ... မင်းဟာကလည်း "
" ဒါနဲ့မင်းက ချောက်ချွမ်ကောနဲ့ သွားDateတာလား "
" ရူးနေလို့ dateရမှာလား ...
စိတ်ပြေလက်ပျောက်လှေသွားစီးတာ "
" ငါ့တောင် မခေါ်ဘူး "
" မင်းက ရိုက်ကူးရေးလုပ်ရင်း
ကြည်နူးနေတာကိုး "
" မင်းနော် ..... "
ချောက်ကနဲ တံခါးဖွင့်သံနဲ့အတူ
အသံတွေဟာ တိတိပပတိတ်ကျသွားသည်။
JiJi ပိုင်ရှင် အဖွားကြီး ရှန့်ကျစ်ဟွာ
၀င်လာပြီ ဖြစ်သည်။
" နိဟောင် ရှန့်သူဌေး "
ရှင်းနဲ့ ဝေလင်း မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်သည်။
ရိ၀မ်ကတော့ screen ကို ပေါက်ထွက်မတတ်
စူးစိုက်ကြည့်နေဆဲ ....
" ထိုင်ပါ ... မင်းတို့ကို သတိပေးစရာရှိလို့ "
" ဟုတ်ကဲ့ "
ရှင်းက ရှန့်သူဌေးရဲ့ မျက်နှာချင်းဆိုင်မှာ
ထိုင်လိုက်တာမို့ ရှန့်သူဌေးမျက်နှာက ရိ၀မ်ရဲ့
laptop screen ထက်မှာ သွားပေါ်နေသည်။
" ချန်းယွင်ရှင်း "
" ဟုတ် ... ဟုတ်ကဲ့ သူဌေး "
YOU ARE READING
The Romance of Two Stars 🚨🚨🚨 ( Complete)
RomanceChina ရဲ့ နာမည်ကြီးအဆိုတော်မင်းသားတစ်လက်နဲ့ မြန်မာနိုင်ငံကနေ china idolသွားပြိုင်တဲ့ ကောင်လေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းလေး A Love Story between Chinese Super Star and The China Idol's Trainee Boy from Myanmar .
Part (31)
Start from the beginning
