" စိတ်ချ ... ကိုယ်ကြောင့် ဘယ်သူမှ
ဒုက္ခမရောက်စေရဘူး ...
အဲ့အဖွားကြီးကို ထိုက်သင့်တဲ့ အပြစ်ပေးရုံပဲ .... "

" အင်း ... "

" အဲ့တာဆို ကလေး အရင်၀င်သွားလိုက်နော် ....
ကိုယ်ပါရင် ကလေးရဲ့ Image ထိခိုက်နိုင်တယ် "

" ဟုတ် ..... "

ကလေးငယ်ဟာ ကားပေါ်ကနေဆင်းပြီး
တစ်လှမ်းချင်း ဖြည်းညင်းစွာ၀င်သွား၏။

ရိ၀မ်လိုက်သွားချင်ပေမယ့် မလိုလားအပ်တဲ့
ပြဿနာတွေဖြစ်လာမှာစိုးတာကြောင့်
ငြိမ်နေလိုက်ရသည်။

ကလေးငယ်ဟာ
ရိ၀မ်ရဲ့ ပယောဂမကင်းပဲအောင်မြင်လာတယ်လို့ အစွပ်စွဲမခံနိုင်ပါ ......

ကလေးငယ် ဒီနေရာကိုရောက်ဖို့
ဘယ်လောက် အပင်ပန်းခံကြိုးစားခဲ့ရသလဲဆိုတာ သူအသိဆုံး .....

ကိုယ်ပိုင် ent; ထောင်ပြီး
Solo debutလုပ်နိုင်တဲ့
အနေအထားမျိုးရှိတာတောင် ကလေးငယ်က သာမန်idolနည်းတူ အောက်ခြေကနေပဲ
စ,ကြိုးစားခဲ့သည်။

ကလေးငယ်ရဲ့ ကြိုးစားမှုကို ဒီနေရာရောက်မှ
ရိုက်ချခံရတာမျိုး အဖြစ်မခံနိုင်ပါ ....

ပတ္တမြားစစ်စစ်ဖြစ်တာမို့ မြကလပ်ပေါ်
တင်ပေးဖို့က ရိ၀မ်ရဲ့တာ၀န် ......

ကားကို ယီယီတို့ရှိမယ့် ဟိုတယ်ဆီ ဦးတည်လိုက်သည်။

ရိ၀မ်ရောက်တော့ ယီယီဟာ Laptopတွေကအစ အကုန်အဆင်သင့်ပြင်ဆင်ထားပြီး ဖြစ်သည်။

ကလေးငယ်ရဲ့ ဆံထိုးမှာတပ်ပေးလိုက်သည့်
cameraနဲ့ချိတ်ဆက်ထားတဲ့ Laptopရှေ့မှာ
ရိ၀မ် ထိုင်လိုက်သည်။

ယီယီနဲ့ မန်နေဂျာဖြစ်သူ လွဲ့ချိန်ကတော့
JiJi ပိုင်ရှင်ရဲ့ အချက်အလက်တွေကို
ကျန်းလုပ်ငန်းစုရဲ့ hackerအဖွဲ့နဲ့ ချိတ်ဆက်နေ၏။

Hackerအဖွဲ့ထဲမှာ သတင်းထိန်းချုပ်မှုနဲ့
ဖြန့်ဝေမှုအတွက် လျို့၀ှက်တာ၀န်ခံများ
ပါရှိသည်။

သူတို့ရဲ့ ဖြန့်ဝေမှုက ၅မိနစ်အတွင်း
တစ်နိုင်ငံလုံးကို ပျံ့နှံ့စေသည်အထိ
အင်အားကြီးမားသည်။

ထိုတာ၀န်ခံတွေကို သိခွင့်ရှိသူက ရိ၀မ်တို့
သားဖသုံးဦးသာ ........

The Romance of Two Stars 🚨🚨🚨 ( Complete)Onde histórias criam vida. Descubra agora