" ဟာ နေပါစေ ... ရပါတယ် ...
သူတို့အေးဆေးစားပါစေ "

ပြောသာပြောရတာ ရိ၀မ်မျက်နှာကြီးက
ဘာပုံထွက်နေသည်မသိ လင်းကောကအစ
ငြိမ်ကျသွားပြီး ဘာသံမှထွက်မလာ ....

တခါတလေတော့လည်း ချမ်းသာနေတာ
နာမည်ကြီးနေတာက မသက်မသာခံစားရစေသည်။

အခုပဲကြည့် ဒါရိုက်တာတစ်ယောက်က
မင်းသားရဲ့ မျက်နှာရိပ်မျက်နှာကဲကြည့်ပြီး
နေရတယ်ဆိုတာ အလုပ်မှမဟုတ် ....

ဒီပုံစံအတိုင်းဆို ဇာတ်ကားရိုက်ရာမှာ အခက်အခဲတွေ ရှိလာနိုင်သည်။

ရိ၀မ်ဘက်က လင်းကောကို
အခုထက်ပိုပြီး အရော၀င်ရတော့မည်။

ဒါမှသာ ကလေးငယ်ရဲ့ ပထမဆုံးပွဲဦးထွက်
ဇာတ်ကားက လက်ရာကောင်းကောင်းနဲ့
နာမည်ရလာမှာ မဟုတ်လား ......

ကလေးငယ်ရဲ့ အရှိန်အဝါနဲ့ Fandomအင်အားက မသေးပေမယ့်
inter fanတွေများပြီး Local fan က
နည်းသေးသည်။

ဒီနိုင်ငံမှာရပ်တည်ရမှာဖြစ်တာကြောင့်
ဒီနိုင်ငံရဲ့ fanအများအပြားလက်ခံဖို့ကလည်း
အရေးကြီးတဲ့ အချက်ထဲမှာ ပါ၀င်နေသည်။

Local fanအင်အားများလာဖို့ ဒီရှေးခေတ် ဇာတ်လမ်းတွဲမှာ ကလေးငယ်တို့အပြင်းအထန်ကြိုးစားမှရမည်။

သူကလည်း တတ်နိုင်ဘက်ကနေ
သူ့fanတွေ ရှင်းငယ်ကို ချစ်လာဖို့
သိမ်းသွင်းရမည်။

ဒါကသိပ်မခက်ခဲပေမယ့် ချောက်ချွမ်နဲ့အတူရှိနေခြင်းက ကလေးငယ်နာမည်ရဖို့အဟန့်အတားတစ်ခုဖြစ်နေပြန်သည်။

များပြားလှစွာသော ချောက်ချွမ်ရဲ့
ရည်းစားတွေထဲ ကလေးငယ်သာပါသွားရင် အကုန်သဲထဲရေသွန်ဖြစ်ကုန်တော့မှာ .......

ကလေးငယ်က ချောက်ချွမ်ကို မချစ်ဘူးဆိုရင်တောင် ဇာတ်ကားတွဲရိုက်ရမှာဆိုတော့
momentတွေကထွက်လာနိုင်သည်။

မပိုင်ဆိုင်ရသေးခင် ကလေးငယ်ကိုလည်း
မချုပ်ချယ်ချင်ဘူး ....

အဲ့ဒီအစား အနုနည်းနဲ့သာ ကလေးငယ်ရဲ့
အချစ်ကို ရယူဖို့ ကြိုးစားချင်သည်။

ချောက်ချွမ်နဲ့ ကြိုက်သလောက်
Momentတွေ ထွက်စမ်းပါ ....

မပြန့်စေဖို့ ရိ၀မ်ရဲ့တာ၀န် .....

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now