ထုန်ရန့် စကားပြန်ပြောသည်ကိုမစောင့်ပဲ ထုန်ရန်းတစ်ယောက် လက်မြှောက်လိုက်ကာ ထုန်ရန့်၏ ခေါင်းကို ခပ်ပြင်းပြင်းဖွကာပြောလိုက်သည်။
"ဒီနေ့ ဆေးရုံမှာ ဆရာဝန်ရှေ့မှာလဲ အရမ်းကို ကောင်းကောင်းနေပြခဲ့တာပဲ"

ထုန်ရန်း၏လုပ်ရပ်ကြောင့် ထုန်ရန့်တစ်ယောက် အနည်းငယ် ဒေါသထွက်သွားကာ ခေါင်းပေါ်ရှိလက်ကို ဖယ်ရန်ကြိုးစားတော့သည်။ သို့သော်လည်း ထုန်ရန့်တစ်ယောက် မလွတ်မြောက်နိုင်ပဲ သူ့၏လက်များမှာ ထုန်ရန်း၏ ထိန်းချုပ်မှုခံလိုက်ရပြီး ဆရာဝန်ပေးလိုက်သော လက်မှတ်စာရွက်ကို သူ့လည်ပင်းတွင် ချိတ်ဆွဲပေးလေသည်။

ထိုသတိပေးကဒ်မျိုးသည် မရှားပါ။ ကျောင်စများတွင် အများဆုံးတွေ့ရသည်။ ၎င်းကို အလုပ်ခွင် ဖြတ်သန်းကဒ်ကို အတုယူ၍ပြုလုပ်ထားခြင်းပင်ဖြစ်သည်။ သို့သော်လည်း ဘောင်ကတော့ အနီရောင်ဖြစ်၏။ ညဘက်တွင်လည်း အလင်းရောင်အောက်တွင် အလင်းပြန်ပေသည်။ ထိုကဒ်ပေါ်တွင် "ထိခိုက်လွယ်သည့် ပုဂ္ဂိုလ်" ဟုရေးထားသည်။ အနီးနားရှိ alphaများက ထိုကဒ်ဆွဲထားသောသူအနားရောက်လျှင် မိမိတို့၏ alpha pheromoneများကို ထိန်းချုပ်နိုင်စေရန်ရည်ရွယ်သည်။

ထုန်ရန့်က အစ်ကိုဖြစ်သူနှင့် ဆက်မဆော့တော့ပဲ ထိုလက်မှတ်ကို အပေါ်ထပ် အင်္ကျီပါးပါး၏ အိတ်ကပ်ထဲတွင်ထည့်ထားလိုက်သည်။ ဒီတစ်ခါတော့ ထုန်ရန်းက သူ့ကိုမနှောင့်ယှက်တော့ပေ။အိမ်ပြန်ရောက်သောအခါ ထုန်ရန့်က သူ့အိပ်ခန်းသို့ ဦးတည်နေစဉ် ထုန်ရန်းကတားလိုက်ကာ အတည်ပေါက်ပြောလိုက်သည်။
"ကျောင်းမှာ​တော့ အဲ့ကဒ်ကို ဖွက်ထားလို့မရဘူးနော်၊ ဝတ်ရမှာနော် သိတယ်မလား"

ထုန်ရန့်ကပြောလိုက်သည် "သိပါတယ် သိပါတယ်"

"ခွေးကောင်လေး" ထုန်ရန်းက ရှုံ့မဲ့ကာပြောလိုက်သည်။ "ငါ ဒီနေ့လည်အပြင်သွားစရာရှိတယ်၊ စောစောပြန်ရောက်မှာမဟုတ်ဘူး၊ ထမင်းစားထားနှင့်လိုက်…ပြီးတော့ ပစ္စည်းတွေကြိုသိမ်းထားဦး မနက်ဖြန် လိုက်ပို့ပေးမယ်"

"ဘယ်ကိုပို့မှာလဲ"ထုန်ရန့်ပြောလိုက်သည်။
"ကျောင်းက တနင်္လာနေ့မှ မှ ဖွင့်မှာလေ"

ငါတို့ မိသားစုရဲ့ အိုမီဂါလေး အရွယ်ရောက်လာပြီ ||•မြန်မာဘာသာပြန်•||Where stories live. Discover now