တကယ်ဆို သူကလူကြီးဖြစ်ပြီး
အများကြီးအလိုလိုက်ရမှာမလား .....

အခုတော့ ....

" ပြန်မယ် ... ဟင့် ... "

" အ...အနာက "

" ခင်ဗျားကြီးကြောင့်   ရှင်းဟွားလေးတွေ
( ရှင်း fd name )ကို စိတ်မပျက်စေချင်ဘူး ... finalကို သေချာပေါက်သွားမှာ "

" ခဏလေး သက်သက်သာသာနေပါဦးကလေးရယ် ....
ကိုယ်လိုက်ပို့ပါ့မယ် "

" မလိုဘူး !! "

ပြောပြောဆိုဆိုနဲ့ စောင်ကိုဖယ်ပြီး
အောက်ဆင်းတော့
လူကို အတင်းဖက်လာ၏။

" ဘာလုပ်တာလဲ ... လွှတ်နော် ... ဖယ် "

" ဟင့်အင်း ... ညနေမှ ကိုယ်လိုက်ပို့မယ် "

" ဖယ်လို့ .... အင့် "

ရှင်းအတင်းရုန်းနေသော်လည်း
တင်းတင်းကြပ်ကြပ်ရစ်ပတ်ထားတဲ့
လက်တွေကပြေလျော့မသွား .......

စိတ်မရှည်တော့တာနဲ့ သူ့အုပ်ကျယ်ကြီးကို
အားနဲ့ ကိုက်ချပစ်လိုက်သည်။

" အား .... ကလေး နာတယ် ... အ့ ...
နာ ... နာတယ် "

သူ့အလှည့်ကျ နာတတ်လိုက်တာ .....

သူများတစ်ကိုယ်လုံး ရစရာမရှိအောင်
ကိုက်ပြီးတော့ .......

" သွေးတောင် စို့သွားပြီ "

သူ့အင်္ကျီရင်ဘတ်ကို ဖြဲပြီး မဖြစ်စလောက်
ဒဏ်ရာလေးကို လာပြနေပုံက
အမြင်ကပ်စရာ ...........

" သေလိုက် !! "

" မသေပါဘူး ....
မင်းလေးနဲ့ လက်ထပ်ရဦးမှာ "

" ဘယ်သူက ခင်ဗျားကို လက်ထပ်မယ်ပြောလို့လဲ "

" မရဘူးနော် မင်းလေးက ကိုယ်နဲ့ပဲယူရမှာ .... "

" ဆုတောင်းနေလိုက် !! "

" အရမ်းချစ်တာပဲ ... "

ရုတ်တရက်ကြီး ဖွင့်ပြောခံလိုက်ရတော့
ရှင်းမျက်နှာတစ်ခုလုံး ရှိန်းကနဲဖြစ်သွားသည်။

နှလုံးခုန်သံတွေကလည်း တဒိတ်ဒိတ်နဲ့ ...

မရှိမဲ့ရှိမဲ့ ဒေါသစိတ်ကလေးတွေလည်း
ကြက်ကလေး ငှက်ကလေးလို လွင့်ကုန်ပြီ။

The Romance of Two Stars 🚨🚨🚨 ( Complete)Where stories live. Discover now