Loser (final)

5.7K 368 91
                                    

__________________________________

ပန်းခြံလေးထဲတွင်ထိုင်နေသောစုံတွဲလေးတစ်တွဲရှိသည်...။

လေ,လေးတစ်ချက်တိုးဝှေ့သွားခိုက်ဆော့ဂျင်နားဖျားလေးတွေနီရဲကုန်သည်..။
နွေးထွေးသောလက်တစ်စုံကသူ့နားလေးပေါ်အုပ်ကိုင်ကာ, လေထုဆီမှကာကွယ်ပေးရင်းပြုံးပြလာသည်..။

Jungkook - အေးတယ် ~ မနက်ကျမှတစ်ခေါက်လာရအောင်နော်ကောင်လေး"

Jin - မအေးဘူး °° နေဦးမှာ °° မပြန်ဘူး °°

Jungkook - ကြည့်ပါဦး နှာသီးဖျားလေးတွေ ၊ နားလေးတွေကဖြင့် နီရဲနေပြီ
လိမ်ချင်နေသေးတယ် ။
စွာလိုက်တာလည်းလွန်ရော...။

Jin - စွာတယ်..စွာတော့အကိုကငြီးငွေ့လား..သွားအာ့ဆိုပြန်တော့..တစ်ယောက်ထဲနေခဲ့မယ်..။

Jungkook - ဒီအူကြူးလေးကို ကိုယ်ကတစ်ယောက်ထဲချန်ထားရစ်ခဲ့ပါ့မလားကွာ
ပြီးတော့စွာတာလေးကိုမှအသည်းပိုနေရတာပါနော်..လာ..ဒီကို:

ဂျောင်းဂုကလက်နှစ်ဖက်ကိုဆန့်တန်းပေးတော့ မအူမလည်နဲ့ ရင်ခွင်ထဲရောက်လာတဲ့ဆော့ဂျင်ပါ

Jin - ဘာလုပ်တာလဲ?

Jungkook - နေမကောင်းတဲ့သူဆိုတာ
နွေးထွေးတဲ့နေရာမှာဘဲနေရမယ်လေ ~ ဒီကမ္ဘာမှာ ကိုယ့်ရင်ခွင်လောက် နွေးထွေးတဲ့နေရာရှိပါ့မလား?
အဲ့တာကြောင့်ဆေးရုံမပြန်မချင်းဒီတိုင်းဘဲနေရမယ်:

Jin - အင်း~အကို့ရင်ခွင်ကျယ်ကအကောင်းဆုံးဘဲ
တဂယ်ကိုကောင်းတာ တစ်သက်လုံးစာအတွက်ကျနော်လောဘတက်မိတဲ့အထိ ။

Jungkook - ကောင်လေးကလောဘမတက်ရင်တောင်ကိုယ့်ကကောင်လေးအပိုင်ပါနော်...ရိုးမြေကျအထိ ။

ဟိုးအဝေးတစ်နေရာကိုဆော့ဂျင်တွေတွေလေးငေးနေလိုက်တယ်...ထို့နောက်အဖျော့တော့ဆုံးဆိုသောလေသံလေးကိုအသုံးပြုတယ်..။

Jin - အကိုလူတွေကလေ သူတို့ချစ်ရသူတွေသေဆုံးသွားတဲ့အခါ ဘာလို့ငိုကြတာလည်းသိလား?
ဒီဘဝဒီတစ်သက်မှာ သူတို့ချစ်ရတဲ့သူတွေနဲ့
နောက်ထပ်အမှတ်တရတွေ မဖန်တီးနိုင်တော့ပါလား သူတို့ဆီဘယ်တော့မှပြန်မလာနိုင်တော့ပါလားဆိုတဲ့ အကြောင်းပြချက်နဲ့ ငိုကျတာလို့ ကျနော်တော့ထင်တာဘဲ
တဂယ်လို့~ တဂယ်လို့များ
ကျနောကမသေပေမဲ့အကို့ဘဝထဲမှာသေလူတစ်ယောက်ဖြစ်သွားတဲ့အခိုက်အတန့်မျိုးရောက်လာခဲ့ရင်အကိုငိုမှာလားဟင်??

loser(complete) Where stories live. Discover now