Loser(p- 21)

3K 325 374
                                    

နီးလျက်နဲ့ဝေးတယ်ဆိုတာမျိုးက
ကျနော်ကအကို့ကိုကြည့်နေပြီး
အကိုကသူ့ကိုငေးနေခြင်းမျိုးကိုဆိုလိုတာလား...?

ထိုလူသားလေးပေါ့..ကျနော်သိပ်ချစ်တဲ့အကိုသိပ်မြတ်နိုးရှာတဲ့လူသားလေး~~~~~

__________________________________

" Kook ဒီနေ့ဘာလို့ရုံးနောက်ကျနေတာလည်းဟင်..ငါအစောထဲက kook ကိုရှာနေတာ "

Jungkook - မနေ့ကကောင်လေးသူ့အမေနေမကောင်းလို့ဆိုပြီး မိဘအိမ် ခဏပြန်သွားတယ်လေ အဲ့ဒါမနက်ငါ့ကိုနှိုးပေးမဲ့သူမရှိလို့နည်းနည်းနောက်ကျသွားတာ...!

Jimin - သြော်..ဒါဆိုအိမ်မှာသူအခုမရှိဘူးပေါ့..။

Jungkook - အင်း~~

Jimin - ဒါဆိုမနက်ဖြန်မနက်ကျငါလာနှိုးပေးမယ်လေ..kook အရင်အိမ်မှာဘဲမလား...?

Jungkook - နေပါစေ..ငါ့ဘာငါ alarm ပေးထားလိုက်လည်းအဆင်ပြေပါတယ်..။

Jimin - မရပါဘူး..ငါ kook အိမ်မရောက်ဖြစ်တာကြာပြီလေနော်..ငါအရမ်းလွမ်းနေလို့ပါ..လာနှိုးမယ်နော်..။

Jungkook - ကောင်လေးပြန်လာရင်ဘယ်လိုလုပ်မလည်း..သူတွေ့သွားလို့မဖြစ်ဘူး..?

Jimin - သူပြန်မလာခင်တစ်ရက်အလိုလောက်ထဲကငါမင်းအိမ်မလာတော့ဘူးနော်.။
ငါ့ကိုခေါ်ပါနော်...။

Jungkook - အင်းပါ..မနက်ဘက်ဘဲလာလို့ရမယ်နော်..မဟုတ်ရင်ငါခွင့်မပြုဘူး..။

Jimin - ရေးစ်..ဒါမှငါ့ kook ကွ..။

ဂျောင်းဂုရင်ခွင်အတွင်းခေါင်းလေးတိုးဝင်သွားကာချွဲနေပါသောဂျီမင်းနှင့်
ဂျီမင်းရဲ့ဆံပင်လေးများအားဖွဖွပွတ်သတ်ပေးနေရှာသောဂျောင်းဂု...

ကံတရားသာအခွင့်အရေးပေးခဲ့ရင်
မင်းရဲ့အိမ်ရှင်ထီးလေးကငါဖြစ်နေလောက်မှာ kook,

တစ်စုံတစ်ယောက်မရှိမှမင်းအိမ်လေးထဲမှာရော..မင်းဘဝထဲမှာပါ..နေရာသေးသေးလေးရရှိတဲ့သိမ်ငယ်စရာအခြေအနေကြီးမှန်းသိပေမဲ့ငါရုန်းမထွက်ချင်ဘူး kook ရယ်...ကြိုးစွန်းလေးကိုတတ်နိုင်သမျှအားကုန်သုံးပြီးဆွဲထားပါရစေနော်...။
ကျေးဇူးပြုပြီးငါ့ကိုမလွှတ်လိုက်ပါနဲ့~
ကျေးဇူးပြုပြီးမင်းနှလုံးသားကိုတော့ငါဘဲအပိုင်သိမ်းထားပါရစေ....^^

loser(complete) Where stories live. Discover now