တီလ်..တီလ်..
အချိန်ကိုက်မြည်လာတဲ့ဖုန်းကောလ်လေးတစ်ခု
Contact name မှာနေရာယူထားတာက
" ထယ်ယောင်းအကို "ဆော့ဂျင်သူ့လက်လေးအားဆွဲထားသော
ဂျောင်းဂုလက်ကိုဖြုတ်ချကာ
ဝရံတာသို့ဖုန်းပြောရန်ထွက်လိုက်သည်။Jin - hello ထယ်ယောင်းအကို..။
Taehyung - ဂျင်လေးသက်သာသွားပြီလား..။
Jin - ဟုတ်...အခုတောင်အိပ်ယာကနိုးလာတာ။
Taehyung - အာ~ကိုယ့်ဖုန်းသံကြောင့်နိုးလာတာလား...အနှောင့်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်နော်။
Jin - အဲ့လိုမဟုတ်ပါဘူး..အကိုဖုန်းမခေါ်ခင်ကထဲကကျနော်နိုးနေပြီသား...ပျင်းလို့ငုတ်တုတ်ထိုင်နေတာ။
Taehyung - ဂျင်လေးကပျင်းနေတာလား.?
Jin - ဟုတ်...ဒီနေ့ကျောင်းလည်းမသွားရဘူးဆိုတော့လေ..ဘာမှလုပ်စရာရှိတော့။
Taehyung - ဒါဆိုအခုအပြင်ထွက်ခဲ့ပါလား။
Jin - ဘယ်အပြင်လဲထယ်ယောင်းအကို....?
Taehyung - ဂျင်လေးတို့ရဲ့ခြံစည်းရိုးအပြင်။
Jin - ဟင်...?
ဆော့ဂျင်ဝရံတာကနေခေါင်းလေးစောင်းငဲ့ကြည့်မိတော့သူ့ကိုလက်ပြနေတဲ့ထယ်ယောင်း
Jin - အကိုကဘယ်လိုလို့ကျနော်တို့အိမ်အပြင်ရောက်နေတာလဲ...?
Taehyung - မျက်နှာလေးဖြစ်ဖြစ်တွေ့ရအောင်လာခဲ့တာ...အခုဂျင်လေးကပျင်းနေတယ်ဆိုတော့ကိုယ်တို့အပြင်သွားရအောင်လား....?
Jin - ဟုတ် ~ခဏနော်ကျနော်ဆင်းလာခဲ့မယ်။
Taehyung - အင်း..ဒါနဲ့အနွေးထည်ပါအောင်ယူခဲ့ဦးနော်...နေဝင်နေပြီ။
Jin - အမိန့်တိုင်းပါခင်ဗျ။
အပြင်သွားရအောင်ဆိုတဲ့ထယ်ယောင်းရဲ့စကားကြောင့်ဆော့ဂျင်ပျော်ရွှင်ကာလှုပ်တုပ်လှုပ်တုပ်နှင့်အိပ်ခန်းထဲအပြေးပြန်ဝင်သွားခဲ့သည်။
Jin - ပြောလိုက်ရမလား..?
ဟင့်အင်း...သူတောင်မနေ့ကငါ့ကိုဘယ်သွားမယ်ဆိုတာပြောမှမပြောခဲ့တာ...မလိုလောက်ပါဘူး။
YOU ARE READING
loser(complete)
Short Storyအချစ်ဆိုတာသိပ်ကိုလှပသောရှုံးနိမ့်ခြင်းလေးတစ်ခုပါဘဲ🖤🖤~~~~